Hearts and Bones (2019)

Rating : 6.4/10
Country : United State
Genre : Drama
Cast : Hugo Weaving, Andrew Luri, Hayley McElhinney            
Released Date : 2019
Duration : 1h 51min

ဓာတ်ပုံရိုက်တာတွေထဲမှာမှ War Photography ဆိုတာရှိတယ်…ဘာတွေကိုမှတ်တမ်းတင်လဲဆိုတော့ စစ်ပွဲတစ်ခုအတွင်း ဖြစ်ပျက်သမျှတွေ ပစ်တာခတ်တာပေါက်ကွဲပျက်စီးတာ သေကျေကျရှုံးတာတွေကို ရိုက်ကူးတယ်... စစ်ပွဲတစ်ခုကြောင့် ဒေသတွင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်..
.အပြစ်မဲ့ပြည်သူတွေ ဘယ်လိုသေရတယ်ဆိုတာကို အရှိအရှိအတိုင်း ရိုက်ကူးကြတယ်... စစ်ပွဲတွင်း အဖြစ်အပျက်ပေါင်းစုံကို ရိုက်ကူးရတာဖြစ်တဲ့အတွက် အရမ်းအန္တရာယ်များပါတယ်...သေနတ်လည်းမှန်ရင်မှန်မယ် ဗုံးလည်းထိရင်ထိမှာပါ... ဒီဇာတ်ကားထဲမှာတော့ ဒန်ဖစ်ရှာဆိုတဲ့ဘဲကြီးက အဲ့ဒီလို ဓာတ်ပုံဆရာမျိုး... သူဟာ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြည်သူလူထုဆီ ပြပွဲတစ်ခုအနေနဲ့ ချပြတော့မယ့်အချိန်မှာ စစ်ဘေးဒဏ်ခံ ရွာကလေးတစ်ရွာရဲ့ပုံတွေလည်း ပါရှိလာပါတယ်... အဲ့ဒီအချိန်မှာ အဲ့ဒီရွာလေးက ဒေသခံတစ်ဦးဟာ သူတို့ရွာရဲ့အဖြစ်ဆိုးကို အများအားချပြမှာ မလိုလားဘဲ ကန့်ကွက်လာတဲ့အချိန်မှာတော့..ဒီဇာတ်ကားက ဆုပေါင်း (၅)ဆုတောင်ရရှိခဲ့သလို Cleveland International Film Festival 2020 မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်အခြားဆုပေါင်း (၁၄)ဆုတောင်ဆန်ကာတင်စာရင်းဝင်ခဲ့တယ်…

0 comments:

Post a Comment