Hannah Montana: The Movie (2009)

Rating : 4.4/10
Country : United State
Genre :   Comedy, Drama, Family 
Cast :  Miley Cyrus, Emily Osment, Billy Ray Cyrus
Released Date : 2009
Duration :  1h 42min 

ဒီဇာတ်ကားလေးဟာ Imdb4.2 သာရရှိထားပေမဲ့ လူအများတစ်ခဲနက်နှစ်သက်အားပေးကြတဲ့ တေးသံစုံ မိဘမေတ္တာဘွဲ့ ဇာတ်မြူးကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Miley Cyrus ကို မတူတဲ့ဘဝနှစ်ခုမှာ ရှင်သန်နေထိုင်လျက်ရှိတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးအဖြစ်မြင်ရမှာဖြစ်ပြီး နှစ်မျိုးစလုံးဟာ အခုပုံစံနဲ့မတူ ရိုးသားအပြစ်ကင်းပြီး ချစ်စရာကောင်းနေတာကြောင့်  Miley ပရိသတ်တွေအတွက် လွမ်းစရာအမှတ်တရလေးတော့ဖြစ်ကြမှာပါ။
ဇာတ်လမ်းအညွှန်းအရ မိုင်လီစတီးဝပ် ဆိုတဲ့ကောင်မလေးဟာ လက်ရှိဘဝအပြင် ဟန်နာမွန်တာနား ဆိုတဲ့ အောင်မြင်နေတဲ့ ဆယ်ကျော်သက်အဆိုတော်မလေး ဘဝကိုပါပိုင်ဆိုင်ထားသူပါ။ဒါပေမဲ့ ဟန်နာမွန်တားနားဆိုတာ မိုင်လီစတီးဝပ် မှန်းဘယ်သူကမှမသိကြပါဘူး။ သူမကိုယ်တိုင်ကလည်း နှစ်ဘဝလုံးမှာနေသားတကျနဲ့အောင်မြင်မှုရနိုင်ဖို့ကိုဆန္ဒရှိနေသူပါ။ တစ်နေ့ ဖက်ရှင်စတိုးတစ်ခုမှာ သူမရဲ့  သူငယ်ချင်းဖြစ်သူ လီလီ အတွက်မွေးနေ့လက်ဆောင်ပေးဖို့ဖိနပ်ဝယ်ရာကနေ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ တိုင်ရာဘန့်စ်  နဲ့ရန်ဖြစ်ခဲ့ကြပါတော့တယ်။အဲ့ဒီအဖြစ်ပျက်ကြောင့်ပဲ မိုင်လီ ရဲ့အဖေဟာသူမကို တန်နက်ဆီပြည်နယ်ကိုခေါ်သွားခဲ့ကာ လူမှုဆက်ဆံရေးနဲ့ ပေါင်းသင်းဆက်ဆံမှုပြေလည်စေဖို့  မိသားစု နဲ့အတူလေ့လာသင်ယူခဲ့ခိုင်းရာကနေ သူမနှစ်သက် သဘောကျရပြီး သူမကို မိုင်လီစတီးဝပ် အဖြစ်ပဲသိတဲ့ ကောင်လေးနဲ့တွေ့မိခဲ့ပြီးတဲ့နောက်မှာတော့  သူမ ဘယ်ဘဝမှာပဲ ဆက်ရှင်သန်မှာလဲ။
သူမ ချစ်ရတဲ့ မိသားစုနဲ့ ချစ်ရတဲ့သူရှိတဲ့ မိုင်လီစတီးဝပ် ဘဝမှာလား ။ လူတိုင်းအားကျမက်မောရတဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ဟန်နာမွန်တာနားဘဝ ကိုရွေးမှာလား။ ဒီရုပ်ရှင်လေးထဲမှာပ Miley Cyrus ရဲ့  ဖခင်ရင်းဖြစ်သူ Billy Ray Cyrus ဟာလည်း မိုင်လီစတီးဝပ်ရဲ့  ဖခင်ရော်ဘီစတီးဝပ် အဖြစ်သရုပ်ဆောင်ထားကာ အားလုံး နှစ်သက်ကျမဲ့ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ ဖခင်တစ်ယောက်ရဲ့  ကိုယ့်ရဲ့သမီးအပေါ်မှာ သူငယ်ချင်းတစ်ယောက်လို ရင်ဖွင့်ဖော်တစ်ယောက်လို ဘဝလမ်းမှန်ကိုတည့်မတ်ပြုပြင်ပေးတဲ့ဖခင်တစ်ယောက်လို စိတ်နှစ်ကာသရုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့အနုပညာစွမ်းအားကို အံ့အားသင့်ဖွယ်ရာ ပြသခဲ့ပါတယ်။ကျန်တဲ့ ဇာတ်လမ်းတစ်လျှောက်ကြုံတွေ့ရတဲ့အခက်အခဲတွေ ကိုတော့  spoiler ဖြစ်မှာစိုးတဲ့အတွက်မပြောတော့ဘဲ ဇာတ်လမ်းကိုသာကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

0 comments:

Post a Comment