Frontier(s) (2007)

Rating : 6.2/10
Country : United State
Genre : Horror 
Cast : Karina Testa, Aurélien Wiik, Patrick Ligardes     
Released Date : 2007
Duration : 1h 48min

 Ultra-violet လို့တင်စားခံထားရတဲ့ အရမ်းသည်းထိတ်ရင်ဖိုကြည့်ရမည့်Slasher ကားတစ်ကား ကို Saw, Texas Chainsaw, Wrong Turn,The Hill Have Eyes စသည့် စူပါအကြမ်းဇာတ်ကားမှ ကြိုက်ပါတယ်ဆိုတဲ့
ပရိတ်သတ်ကြီး အတွက် ရွေးခြယ်ဘာသာပြန်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းက စထွက်ခြင်းမှာပဲ ဝေဖန်အကြံပေးသူတွေရဲ့အားပေးမှု့ကို တစ်ခဲနက် ရရှိထားပါတယ်။ IMDb 6.5 ရရှိထားပါတယ်။International film festival ပွဲတွေမှာလည်း ပွဲထုတ်ပြသခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလည်းသမရိုးကျ လူသတ်ကားတွေနဲ့မတူပဲ ထူးထူးခြားခြားလေး တည်ထားပါတယ်။ပဲရစ်မှာ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကြီးစတင်ပါပြီ။အဲဒီအချိန်မှာပဲ ပြည်သူတွေမုန်းတီးမလိုလားတဲ့ အမတ်တစ်ယောက်ကစပြီးအာဏာကိုအလွဲသုံးစားလုပ်ကာ မဲတွေကိုကလိန်ကျပါတယ်။ဒါကိုပြည်သူတွေက သိရှိသွားပြီး အပြင်းအထန်ကန့်ကွတ်ဆန္ဒပြလာကြပါတယ်။ပြည်သူတွေ တစ်ခဲနက် အုံကြွမှု့ကြီးဖြစ်ပေါ်လာပြီး ရဲတွေနဲ့ တိုက်ခိုက်မှု့တွေအထိရှိလာပါတယ်။မြို့ကြီးက ပရမ်းပတာအခြေနေကို ရောက်ရှိလာပါတယ်.. ဒါကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတဲ့သူခိုးတစ်စုကတော့ ခိုးရာပါပစ္စည်းတွေနဲ့ အထိကရုန်းကြားမှာ သက်စွန့်ဆံဖျား ပြေးလွှားနေပါတယ်။တစ်နေရာအရောက်မှာတော့ ထိုသူခိုးထဲမှ တစ်ယောက်ကိုသေနတ်ထိမှန်သွားပြီး လူစုကွဲသွားပါတယ်။ပြန်ဆုံပေမဲ့လည်း သေနတ်ဒဏ်ရာကအခြေနေက ဆိုးနေပြီဖြစ်ဖို့ ဆေးရုံကို လူစုခွဲပြီး ပို့ပါတယ်။ဆုံမှတ်ကတော့ နယ်စပ်က တည်းခိုခန်းတစ်ခုပါတဲ့…. ရင်ခုန်ဖို့, ကြောက်ဖို့,ထိတ်လန့်ဖို့, စွန့်စားဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကြည့်လိုက်ပါတော့လို့တိုက်တွန်းပါရစေ..။

0 comments:

Post a Comment