Frieda - Coming Home (2020)

Rating : 6.3/10
Country : United State
Genre : Mystery, Thriller
Cast : Timo Willman, Errol Trotman-Harewood, Elisabeth Kanettis
Released Date : 2020
Duration : 1h 31min 

လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်ကားတွေကြိုက်သူတို့အတွက်တော့ အတော်မိုက်တယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်လို After life အကြောင်းတွေစိတ်ဝင်စားတဲ့ သူတွေအတွက်လည်း စိတ်ကျေနပ်စရာကောင်းတဲ့ လှည့်ကွက်မျိုးသုံးပြီး သူဆိုလိုချင်တာကို မရ အရပြောသွားတာကို ဇာတ်လမ်းအပြီးမှာ တစ်ယောက်ထဲ ပြုံးနေမိရတာပါပဲ။

ဇာတ်လမ်းအစက After Life အကြောင်းသိပ်ဝင်စားတဲ့ ဇနီးသည်လေးနဲ့ သူတို့ရဲ့ ပထမဆုံးရလာမယ့် ကလေးအတွက်ပျော်နေတဲ့ လူငယ်စုံတွဲလေးနဲ့ စထားပါတယ်။ ဥရောပတစ်ခွင်ခရီးနှင်ဖို့အတွက် သူတို့ရဲ့ အိမ်မက်ကလည်းတကယ်ဖြစ်လာခဲ့တဲ့အခါ…..

ပျော်ရွှင်စရာ လူငယ်စုံတွဲလေးရဲ့ ခရီးဟာ စိတ်လှုပ်ရှားစရာ လျို့ဝှက်ဆန်းကျယ်မှုတွေကို သယ်ဆောင်လာမှာလား ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာကို ကြည့်မယ့်သူတွေ အရသာမပျက်အောင်မပြောတော့ပါဘူး။ After life ကို စိတ်ဝင်စားတဲ့သူတွေ အတွက် တကယ့်ကိုကြည့်သင့်ပါတယ်လို့ ….. Highly recommended ပါနော်။

0 comments:

Post a Comment