Rating : 7.8/10
Country : United State
Genre : Adventure, Drama, Romance
Cast : Tom Hanks, Helen Hunt, Paul Sanchez
Released Date : 2000
Duration : 2h 23min
Country : United State
Genre : Adventure, Drama, Romance
Cast : Tom Hanks, Helen Hunt, Paul Sanchez
Released Date : 2000
Duration : 2h 23min
မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်…Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊Saving Private Ryan၊Catch Me If You Can၊The Green Mile၊Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင်ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့်ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင်ေဒၚလာ ၄.၂ ဘီလီယံမွ် ရွိခဲ့ပါတယ္..တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူအဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်…အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ်သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင်မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီးသူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်…Cast Awayကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကိုပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်းသရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်းသရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။၈ လလောက်ထိကြာ လာတယ်ပေါ့။အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆိုခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိလုပ်ချပစ်လိုက်တယ်။နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကိုလက်နဲ့ မျက်နှာပုံစံလေးဆွဲပြီးစကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ဘဝကိုပြလာတာ။ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာအိုက်တင်အရမ်းကိုကောင်းတယ်။ကြာလာတဲ့အခါ ငါးတွေဘာတွေကစမီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ဖြစ်သလိုနေတတ်လာတာ။အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။အဲဒီမှာ စျေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေပုစွန်တွေကျွေးတာပေါ့။ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့သူ့အတွက် ရယ်စရာမျိုးလေးဇာတ်သိမ်းထားတာ။မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင်ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေအရမ်းကြိုက်တယ်။ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲဇွဲရှိဖို့တွေ၊ ဘဝမှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲစိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ်စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။
0 comments:
Post a Comment