Call of Heroes (2016)

Rating : 6.4/10
Country : United State
Genre :  Action, Adventure, Crime
Cast : Ching Wan Lau, Eddie Peng, Louis Koo 
Released Date : 2016
Duration : 2h

တစ်ချိန်ကမြန်မာ့အသံ၊ မြဝတီရုပ်မြင်သံကြားဖန်သားပြင်ပေါ် နေရာယူခဲ့သော တရုပ် Martial Arts သိုင်းရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေ မစိမ်းသွားသေးဘူးလို့ ထင်ပါတယ်။ ဒီလို Martial Arts သိုင်းကားတွေထဲကမှ ယခု ၂၀၁၆ သြဂုတ်လ လဆန်းပိုင်းတွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်တစ်ကားဖြင့် ယနေ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။
မတရားမှုတွေကို မနှစ်မြို့တဲ့ Eddie Peng နဲ့ ကိုယ်ကောင်းဖို့အတွက် ဘာမဆိုလုပ်တဲ့ Wu Jing၊ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်။ တစ်ယောက်က တရုပ်ပြည်နယ်မြေတော်တော်များများကို မတရားလိုက်
လံသိမ်းပိုက်နေတဲ့ General Cao Ying ရဲ့စစ်သေနာပတိ၊ နောက်တစ်ယောက်က မတရားမှုတွေကို မနေတတ်သလိုလိုက်လံဖြေရှင်းပေးနေတဲ့ သာမန်အရပ်သား။
တစ်နေ့ General Cao Ying ရဲ့သားဖြစ်သူ Junior Commandant Cao ဟာ Eddie Peng နေထိုင်ရာ ရွာသို့ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ရွာရဲ့အကြီးအကဲဖြစ်သူ
Lau Ching-Wan ဟာ Junior Commandant Cao ကို သတ်မိန့်ချခဲ့ပါတယ်။ အဲ့ဒီအချိန် General Cao ရဲ့စစ်သေနာပတိ၊ Eddie Peng ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူဟာ သူ့ရဲ့ရာထူး နေရာ တည်မြဲနိုင်ဖို့
အတွက် မတရားမှုများကိုနှစ်သက်သော General Cao ရဲ့သားဖြစ်သူ Junior Commandant Cao ကိုကယ်တင်ဖို့ ရောက်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ မတရားမှုကို မနှစ်သက်တဲ့ Eddie Peng နဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ Wu Jing အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ပြန်လည်တွေ့ကြသောအခါ …
ကဲဘာတွေဆက်ဖြစ်မယ်ဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုကြပါတော့

0 comments:

Post a Comment