Better Days (2019)

Rating : 7.5/10
Country : China
Genre : Crime, Drama, Family
Cast : Dongyu Zhou, Jackson Yee, Fang Yin
Released Date : 2019
Duration : 2h 15min

 ဒီတရုတ်ဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ
ရုံတင်သွားခဲ့တဲ့ school bullying ကို ဆန့်ကျင်ဖို့
အသားပေးရိုက်ထားတဲ့ ဆယ်ကျော်သက်ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အနိုင်ကျင့်နှိပ်စက်ညှင်းပန်းမှုတွေဆိုတာ
အမြဲတစေရှိနေတတ်ပါတယ် ဒါကိုဆန့်ကျင်တိုက်ဖျက်ဖို့
အားလုံးပူးပေါင်းပါဝင်သင့်တယ်ဆိုပြီး သတင်းစကားပါးထားတဲ့
ရည်ရွယ်ချက်မျိုးနဲ့ရိုက်ကူးထားတာပါ

ကျောင်းမှာ အမြဲ bully လုပ်ခံရတဲ့ မိန်းကလေးတစ်ယောက်
ဆိုးသွမ်းပေမယ့် ဒီမိန်းကလေးကိုတော့ အသက်နဲ့ရင်းပြီးကာကွယ်ပေးတတ်တဲ့
လူရမ်းကားလေးတစ်ယောက်
သူတို့ရဲ့လက်ရှိဘဝမှာ ဘယ်လောက်နာကျင်ခံစားခဲ့ရတယ်
သူတို့နှစ်ယောက်ရဲ့အနာဂတ်မှာ ပန်းခင်းတဲ့လမ်းတွေရှိနေနိုင်ပါ့မလားဆိုတာကို
ဒီဇာတ်ကားလေးထဲမှာ ရှာဖွေကြည့်နိုင်ပါတယ်

မင်းသမီးနေရာမှာတော့ တရုတ်ပြည်ရဲ့ movie princess လေး Zhou Dong Yu ( ကျိုးသုန်ယွီ )
မင်းသားနေရာမှာတော့ တရုတ်ပြည်ရဲ့ထိတ်ထိတ်ကြဲ idol အဖွဲ့ TF Boys ရဲ့ အဖွဲ့ဝင် Jackson Yee ( ရိရန်းချန်းရှီ ) တို့က ပင်ကိုယ်ပုံစံနဲ့ကွဲပြားသွားအောင်
သရုပ်ဆောင်ထားကြပါတယ်

Rotten Tomatoes – 100% အပြည့်ဖြစ်လို့ ဇာတ်လမ်းမကောင်းမှာ
စိတ်ပူစရာမလိုပါဘူး

ကြိုပြီးသတိပေးရရင် အတော်လေးငိုရမှာပါ
တစ်သျှူးသာဆောင်ထားကြပါလို့ပဲ ပြောချင်ပါတယ်

0 comments:

Post a Comment