Asura (2016)

Rating : 6.6/10
Country : United State
Genre :    Action, Crime
Cast :  Adam Scott, Toni Collette, David Koechner 
Released Date : 2016
Duration :  2h 16min 

ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိမ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကိုဝါးမြိုချင်နေတာ…
သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ…နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့…ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်…”ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ….သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ….ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်…သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့  ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး…ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ…The king,The Divine Moveနဲ့ Cold eye  တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ…

0 comments:

Post a Comment