24 (2016)

Rating : 6.2/10
Country : United State
Genre :  Action, Sci-Fi, Thriller 
Cast :  Suriya, Samantha Ruth Prabhu, Nithya Menon
Released Date : 2016
Duration :  2h 44min 

Time Travel နဲ့ ပက်သက်ပြီး စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက်
IMDb 8.7/10 အထိတောင် ရရှိထားတဲ့ Science Fiction အမျိုးအစား
Bollywood Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်...။

ဒီ (24) ဆိုတဲ့ ကားလေးကို ဒါရိုက်တာ Vikram Kumar က ရိုက်ကူးခဲ့ပြီး
မင်းသား Suriya က သုံးကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်..။
ဒီရုပ်ရှင်လေးက (၂၀၀၉) ခုနှစ်ကတည်းက ရိုက်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် (၂၀၁၄) ခုနှစ်မှ ရိုက်ကူးနိုင်ခဲ့ပြီး
(၂၀၁၆) ခုနှစ် မေလ (၆) ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်...။

ဒီကားလေးရဲ့ ဇာတ်လမ်းကတော့ ...
သိပ္ပံပညာရှင် Dr. Sethuraman အဖြစ် Suriya က သရုပ်ဆောင်ထားပြီး၊
သူသည် (၁၉၉၀) ခုနှစ်၊ ဇန်နဝါရီလမှာ အများဆုံး (၂၄) နာရီစာ
" ခေတ် ရှေ့/ နောက်ပြန်သွားလို့ရတဲ့ နာရီတစ်လုံး " ကို တီထွင်ခဲ့တယ်။
အဲ့မှာ သူ့ရဲ့ အမွှာညီအကိုက သူ့ရဲ့ နာရီကို ခိုးဖို့ ကြိုးစားရာကနေ
သူ့ရဲ့ နာရီကော အခိုးခံခဲ့ရမလား...?
သူ့ရဲ့ နာရီကကော ဘယ်လို အချိန်ကို ရှေ့နောက် ပြန်ချိန်လို့ရလဲ...?
ဇာတ်လမ်းလေးထဲမှာ ဆက်လက်ခံစားကြပါစို့...။

0 comments:

Post a Comment