18 Presents (2020)

Rating : 6.5/10
Country : United State
Genre : Drama
Cast : Vittoria Puccini, Benedetta Porcaroli, Edoardo Leo             
Released Date : 2020
Duration : 1h 55min

 မိသားစုဒရမ်မာကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်လေး လက်ဆောင်ဆယ့်ရှစ်ခုဆိုတဲ့အတိုင်း အယ်လီဆာဆိုတဲ့အမျိုးသမီးက သူ့သမီးလေးအန်နာကို ဆယ့်ရှစ်နှစ်ပြည့်တဲ့ထိ မွေးနေ့လက်ဆောင်ပေးတဲ့ အကြောင်းလေးပါ။

ဒါပေမဲ့ ထူးဆန်းတာက အယ်လီဆာမှာကင်ဆာရှိနေတဲ့အတွက် အန်နာလေးကိုမွေးပြီးရင်သေမှာပါ။ သူမသေခင်သမီးဖြစ်သူအတွက်မွေးနေ့လက် ဆောင်တွေကြိုပြီးထားခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ အန်နာလေးကသူ့အမေရဲ့ လက်ဆောင်တွေကိုငြီးငွေ့လာပြီး
ဘာလို့ဒီလိုတွေထားခဲ့ရတယ်ဆိုတာကို နားမလည်နိုင်ဘဲ စိတ်ဆိုးခဲ့ပါတယ်။ ဒီလိုနဲ့လောကကြီးကိုရော အဖေဖြစ်သူကိုရောအရွဲ့ တိုက်ပြီးနေပါတော့တယ်။ ဒါပေမဲ့တစ်နေ့သူ့အဖေနဲ့စိတ်ဆိုးပြီး အိမ်ကထွက်လာခဲ့ရာက ကားတိုက်ခံရပြီး ထူးဆန်းစွာနဲ့ပဲ သူမမွေးခင်အချိန်ကိုပြန်ရောက်သွားပါတယ်။

ဒီလိုနဲ့အမေဖြစ်သူ အယ်လီဆာနဲ့တိုက်ဆိုင်စွာတွေ့ရပြီး ထူးခြားဆန်းကြယ်မှုတွေ ဆက်တိုက်တွေ့ရပါတော့တယ်။ သူ့အမေဖြစ်သူနားမှာနေရင်း သူ့အမေရဲ့သဘောထားတွေကိုနားလည်ပြီး စိတ်ဆိုးပြေနိုင်ပါ့မလား၊ သူ့အမေရဲ့မိခင်မေတ္တာကို နားလည်နိုင်ပါ့မလား၊ သူ့အဖေကိုရော နားလည်ပေးနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာကြည့်ရှုရမှာပါ။ မိခင်မေတ္တာကြီးမားပုံတွေ သူတို့ရင်သွေးလေးအတွက် အရာရာပေးဆပ်ပုံတွေကို တစ်၀ကြီးကြည့်ရှုခွင့်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် …

0 comments:

Post a Comment