Vikings (2013-Ongoing)

Season (1) - 9 Episodes
Season (2) - 10 Episodes
Season (3) - 10 Episodes
Season (4) - 20 Episodes
Season (5) - 20 Episodes
Season (6) - 10 Episodes

Rating : 8.6/10
Country : United State
Genre :  Fiction, Adventure, Drama, War
Cast : Katheryn Winnick, Moe Dunford, Josefin Asplund, Alexander Ludwig, Lothaire Bluteau, Gustaf Skarsgård, Jasper Pääkkönen
Released Date : 2013 - Ongoing

လူ့အသွေးအသားကလီဇာတွေနဲ့ နတ်မင်းတွေကို ယာဇ်ပူဇော်ကြလေတဲ့ Viking လို့ခေါ်တဲ့ သဘာဝနဲ့တသားတည်းကျတဲ့ တိုက်ခိုက်ရေးအတတ်မှာ တဖက်ကမ်းခေတ်ကျွမ်းကျင်ကြတဲ့လူမျိုးတွေ..။ Odin (အိုဒင်) သောရ်(Thor) Freya(ဖရေး) စတဲ့ လူ့အသွေးအသား ကလီဇာ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ယာဇ်ပူဇော်ခြင်းကိုမှ သဘောကျလက်ခံကြတဲ့ နတ်ဘုရားတွေကို ယုံကြည်ကြတဲ့ Viking တွေ...။ တစ်လင်တမယားစနစ်ကို လက်ခံကြည့်သုံးကြပေမယ့် လင်ယောကျ်ားသာ သဘောတူနှစ်ခြိုက်မယ်ဆိုလျှင် ဇနီးမယားကိုပင် အခြားသူတွေနဲ့ ကာမကိုခွဲဝေခံစားကြတတ်သူတွေ ..။သူတပါးကို သတ်ဖြတ်ဖို့ ထမင်းစားရေသောက်လို မျက်တောင်တစ်ချက်မခတ်သလို ကိုယ်တိုင် အသတ်ခံရဖို့ကိုလဲ ဘွာမခတ်ကြသူတွေ..။ စစ်ပွဲတွေမှာတိုက်ခိုက်ရင်းသေဆုံးကြပြီး နတ်ဘုရား Odin ရဲ့ဗာဟာလာခန်းမဆောင်မှာ သူရဲကောင်းပီပီတိုက်ခိုက်ရင်း အထပ်ထပ်အဖန်ဖန်တိုက်ခိုက် သွေးလွှမ်းခြင်းနှင့် သုခဘုံကြုံတွေ့ကြရင်း စစ်သည်တော် တစ်ဦးအဖြစ် ထာဝရရှင်သန်ခြင်နေကြသူတွေ...။ ဒီလိုမျိုးစရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ Viking လို့ခေါ်တဲ့ လူသားမျိုးနွယ်စုတစ်ခုရဲ့ ကြံမ္မာကို ပိုမိုပြီးကောင်းမွန်တဲ့ လူအသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာစေဖို့ ကြံမ္မာ ဖန်တီးပေးမယ့် သူတစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်..။
ဒီ Viking ဆိုတဲ့ Series ကတော့ အပေါ်ကဖော်ပြခဲ့တဲ့ လူ့အသိုက်အဝန်းရပ်မြုံတစ်ခုကို ခေတ်သစ်အဖြစ်ပြုပြင်ပြောင်းလဲ စေနိုင်ခဲ့တဲ့ ရန်နာလော့ဘရွတ် ဆိုတဲ့ လူထူးဆန်းကြီးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်.။ လယ်သမား ယာသမား ဖခင်ကောင်းတစ်ယောက် မိသားစုအတွက်စောင့်ရှောက်တိုက်ခိုက်သူ ဘဝကနေ Viking တွေဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးတဲ့ အနောက်ဖက်ကမ်းခြေ အင်္ဂလန်ဆိုတဲ့ နယ်မြေသစ်တစ်ခုကိုရှာဖွေပြီး အခွင့်လမ်းအသစ်တွေ ယူဆောင်ပေးခဲ့နိုင်သူပါ.။ ယုတ်မာကောက်ကျစ်ခြင်းတွေပါသလို ဖြူစင်ရိုးဖြောင့်တဲ့ လူ့မနောတွေပါမယ်... ရက်စက်ကြမ်းကြုတ်ခြင်းတွေပါသလို မိသားစုလိုနူ့ညံ့နွေးထွေးခြင်းတွေပါမယ်.. စက်ဆုတ်ကြမ်းတမ်းဖွယ်ရာ လိင်မှု့ကိစ္စမျိုးတွေပါသလို မောင်နှညီအကိုဇနီးမယားစတာတွေနှင့်အတူ သန့်ရှင်းတဲ့မေတ္တာမျိုးတွေပါမယ်..။ အဖြူအမဲ အလင်းအမှောင် ညစ်ညမ်းဖြူစင်ခြင်းတွေနဲ့ အတူရောပြွန်းထားတဲ့
စိတ်နှလုံးကို ခံစားမှု့အသစ် ဘဝအဓိပ္ပါယ်ဖွင့်ဆိုခြင်းအသစ်တွေနဲ့ ရောပြွန်းခံစားချင်တယ်ဆိုရင်တော့ ဒီ Viking Series ကို ညွန်းဆိုပေးချင်ပါတယ်..။

0 comments:

Post a Comment