Treadstone (2019-Ongoing)

Season (1) - 23 Episodes

Rating : 7/10
Country : United State
Genre :  Action fiction, Drama
Cast : Jeremy Irvine as John Randolph Bentley. Tracy Ifeachor as Tara Coleman. Omar Metwally as Matt Edwards. Han Hyo-joo as SoYun Pak. Brian J. Smith as Doug McKenna. Gabrielle Scharnitzky as Petra Andropov. 
Released Date : 2019-Ongoing

ဒီရုပ်ရှင် စီးရီးလေး မိတ်ဆက်မပေးခင်မှာ ကျွန်တော် အနေနဲ့ Action ကြိုက်တဲ့ ပရိတ်သတ်တွေ လုံး၀အတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ကားဖြစ်ကြောင်း အာမခံပါတယ် ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီကား‌လေးဟာ ဇာတ်လမ်း စတင် ကတည်းက မပျင်းမအီ ရပဲ အလွန်သွက်လက်ပြီး မြှုပ်ကွက်လေးတွေနဲ့ အရမ်းစိတ်၀င်စားစရာကောင်း နေလို့ပါပဲ…
အခုလက်ရှိမှာတော့ IMDB 7.3/10 ထိရရှိထားပြီးတော့ Tim Kring ဖန်တီးမှုကောင်းလေးတွေကို တွေ့မြင်ရမှာပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Jeremy Irvine, Tracy Ifeachor, Omar Metwally, Han Hyo-joo, Brian J. Smith, Gabrielle Scharnitzky, Emilia Schüle, Michelle Forbes တို့ကပါ၀င် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Jason Bourne series နဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ ကားလေးလဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့….
‌အဆင့်မြင့် ထောက်လှမ်းရေး Jason Bourne ကိုဖန်တီးပြီးတဲ့နောက်မှာတော့ Treadstone စီမံကိန်းဟာ မရပ်တန့်နိုင်တဲ့ လူစွမ်းကောင်း လုပ်ကြံသတ်ဖြတ်သူတွေ ဖန်တီးဖို့ စစ်ဆင်ရေး စတင်လာခဲ့ပါတယ်။ ဒီလို လုပ်ကြံသူတွေ ဖန်တီးမှုကြားမှာ မြောက်ကိုရီးယား ဗိုလ်ချုပ်ဟာ CIA ကိုတောင် မယုံကြည် ရလောက်တော့တဲ့အထိ စိုးရိမ်ထိတ်လန့်မှုတွေရှိလာပါတယ်။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ်ဟာ Journalist ဟောင်းတယောက်ဖြစ်တဲ့ အငှါးယာဉ်မောင်းလေး ထံ အကူအညီတောင်းခဲ့ပါတယ်။ ဘာကြောင့် ယာဉ်မောင်းလေးကို ယုံကြည်နေတာပါလိမ့်… ဗိုလ်ချုပ် တစ်ယောက် အနေနဲ့တောင် ကြောက်ရလောက်တဲ့ အန္တရာယ်တွေ ဘာတွေများဖြစ်မလဲ… ယာဉ်မောင်းလေးကရော သူ့ကို ဘာတွေများ အကူအညီပေးနိုင် မလဲ…ဆိုတာကိုတော့ အရသာလေး မပျက်အောင်ကိုယ်တိုင်ပဲ ကြည့်ရှုကြပါစို့လား ခင်ဗျ။

0 comments:

Post a Comment