Thor: Ragnarok (2017)

Rating : 7.9/10
Country : United State
Genre :  Action, Adventure, , Fantasy
Cast : Chris Hemsworth, Cate Blanchett, Tom Hiddleston
Released Date : 2017
Duration :   2h 10min

မိုးကြိုးနတ်ဘုးရားကြီး Thor ဟာ Loki စနက်ကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာတွေ လိုက်ရှင်းရင်း Asgard နဲ့တကွ Realm 9 ခုလုံးကို သိမ်းပိုက် သွေးချောင်းစီးဖို့ ကြိုးပမ်းလာတဲ့ Hela ဆိုတဲ့ Goddess of Death ကို ရင်ဆိုင်ရပါတော့တယ်။

Review (Minor Spoiler Alert)Ragnarok ဟာ နိုင်ငံတကာက Reaction တွေ review တွေမှာ တွေ့ရတဲ့အတိုင်းပဲ Marvel ရဲ့ ပျော်စရာအကောင်းဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ဟာသကားတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဒါရိုက်တာ Taika Waititi လက်ရာဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ တစ်ကားလုံး ရုပ်တည်နဲ့ဖေါက်တာ၊ နာမည်တလွဲတွေပေးထားတာ၊ တလွဲတွေဖြစ်တာ စတာတွေအပြင် ထင်မထားတဲ့ နာမည်ကြီးမင်းသားတစ်ကောင်က Cameo နဲ့ ဝင်ပြောင်လိုက်သေးတယ်။ (Guess who?) ရယ်ရတာတွေများတယ်ဆိုပေမဲ့ တစ်ကားလုံး ပေါသောနေတာမျိုးမဟုတ်ဘဲ ရယ်ရတဲ့ဟာ ရယ်ရ၊ ကြမ်းတဲ့အခန်းလည်း တော်တော်ကိုကြမ်းတယ်။ရယ်ရတဲ့အကွက်တွေကိုကျော်ပြီး ရုပ်ရှင်တစ်ကားလုံးရဲ့ ကောင်းကွက်ကိုပြောဆိုရင်တော့ ဒီကားမှာ တကယ့် Thor အစစ်ကို မြင်ရမှာပါ။ ယှဉ်ရမယ်ဆိုရင် အရင်ကားတွေမှာဆို Thor ဟာ တူတစ်လက်နဲ့ ဟိုခုန်ဒီပျံ မိုးကြိုးလေးမဖြစ်စလောက်ပစ်တတ်တဲ့ မှော်ဆရာလောက်ရှိပြီး ဒီကားမှာဆို တကယ့် God of Thunder စစ်စစ်ဖြစ်သွားပါတယ်။ အရင်ကားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ( ပြန်ပြောရမယ်ဆို Age of Ultron မှာတုန်းကဆို စစလာခင်း Hydra စခန်းဝင်စီးတော့ စစ်သားတွေရဲ့ မျှော်စင်ပေါ် တက်ပြီးသံတိုင်နဲ့တစ်ယောက်တစ်ချက် လိုက်ရိုက်နေတုန်းကဆို တော်တော်ကို နှမြောခဲ့တာ။ တစ်ချက်နဲ့ ဒီ tower တစ်ချက်လုံး အမှုန့်လုပ်နိုင်ရဲ့သားနဲ့ တစ်ယောက်ချင်းလိုက်ရိုက်နေလို့လေ။) အဲလိုပဲ Goddess of Death ဆိုတဲ့ Hela ရဲ့ ဘယ်သူမှမနိုင်လောက်အောင်ကြမ်းပါတယ်ဆိုတဲ့ စကေးကိုလည်း တော်တော်လှလှပပ ပြသွားတယ်။ ဒီလို Badass ဖြစ်တဲ့ Villain ကို MCU မှာ မမြင်ဖူးသေးဘူး။Acting ပိုင်းမှာတော့ Cate ကြီးက လန်ထွက်နေတာပဲပေါ့။ တခြား costume design တွေ၊ background music တွေလည်း တော်တော်ကောင်းတဲ့ဘက်မှာရှိပါတယ်။ နောက်ဆုံး third act က superhero landing နဲ့ သုံးထားတဲ့ Led Zeppelin ရဲ့ Immigrant Song နဲ့ကတော့ တစ်ကားလုံးမှာ အလှဆုံးအခန်းတစ်ခုပါပဲ။ နောက် Disney ဆိုတော့ CGI ကောင်းမကောင်း ထည့်မပြောတော့ပါဘူး။Thor: Ragnarok ဟာ best superhero movie သို့မဟုတ် best MCU movie ဆိုပြီးပြောလို့မရပေမဲ့ MCU ရဲ့ လူကြိုက်များရတဲ့အချက်ဖြစ်တဲ့ entertaining အချက်ကို သေချာကိုင်ပြသွားနိုင်ပါတယ်။ နည်းနည်းအီတယ်လို့ပြောစရာ နည်းနည်းလောက်ပဲပါပါတယ်။ တစ်ကားလုံးရဲ့ အချက်အားလုံးက အရင်ကားတွေနဲ့ တခြားစီမို့လို့ အရင်ကားတွေကို မကြိုက်ခဲ့သူ အားမရခဲ့သူတွေလည်း အားရကျေနပ်ကြမှာပါ။

0 comments:

Post a Comment