Rating : 7.0/10
Country : United State
Genre : Action, Adventure, , Fantasy
Cast : Chris Hemsworth, Natalie Portman, Tom Hiddleston
Released Date : 2011
Duration : 1h 55min
Country : United State
Genre : Action, Adventure, , Fantasy
Cast : Chris Hemsworth, Natalie Portman, Tom Hiddleston
Released Date : 2011
Duration : 1h 55min
Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့သော် Asgard က အနှီ ကျုးကျော်မှုကို
လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီး
ဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့်
Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း အင်မတန် တိုက်ခိုက်ချင်စိတ်များကာ မရင့်ကျက်သေးသည့်
စစ်သားတစ်ယောက်ဖြစ်သည်။ Thor ကို တစ်ရက် ဘုရင်ကြီး အိုဒင် က ထီးနန်းလွှဲပေးမည့် နေ့ ရက်ဖြစ်သည်။ သူတို့လက်နက်တိုက်မှ
Giant Frost မှ အရေးကြီးဆုံး လက်နက် ကို Giant Frost ထံမှ ဘက်တော်သားများက ခိုးယူဖို့ ကြံစည်သည်။ ဘုရင်ကြီးသိသွားကာ
အစောင့်ကို တိုက်ခိုက်လိုက်သည်။ ထိုသို့ လာရောက်ကျူးကျော်မှုကို Thor က လက်မခံသော်လည်း ဘုရင်ကြီးက ဘာသိဘာသာနေဖို့
ပြောလိုက်သည်။Thor မှ မခံချင်ပဲ သူ့ညီငယ် Loki မြှောက်ပေးမှုနှင့် အတူ သူငယ်ချင်းများနှင့် Giant Frost တိုင်းပြည်ကိုသွားကာ ပြဿနာရှာသည်။
Giant Frost က မခံချင်အောင် ရန်စ ပြောဆိုသဖြင့် ပဋိပက္ခ ဖြစ်သည်။ သူတို့ ဘက်က အုပ်စုက ထွက်ပြေးလာကာ ပြေးပေါက် မရှိသည့်
အချိန်တွင် ဘုရင်ကြီး လာရောက် ကယ်ဆယ်သည်။ပြသနာ အရင်းခံ Thor မှ ဖခင် ဘုရင်ကြီးကို မချေမငံ ပြန်လည် ပြောဆိုရာမှ
ဘုရင်ကြီး အမျက်တော်ရှပြီး Thor ကို အစွမ်းသတ္တိများ သိမ်းယူပြီး ကမ္ဘာဘက်သို့ နယ်နှင်ဒဏ်ပေးလိုက်သည်။Thor တစ်ယောက်
မင်းသားဘဝကနေ ကမ္ဘာကြီးမှာ သာမာန်လူအဖြစ်နဲ့ ဘယ်လိုများ ဆက်လက် အသက်ရှင်မလည်း၊ Asgard ပြည်ကို ပြန်လည်ရောက်ရှိ
အုန်းမှာလည်း၊ သူမရှိပဲ Asgard တိုင်းပြည်ရေး အခြေအနေ ဘယ်လိုများ ပြောင်းလဲ သွားမလည်းဆိုတာကြည့်ရှုရမှာပါ။
0 comments:
Post a Comment