Rating : 8.5/10
Country : United State
Genre : Drama, Mystery, Sci-Fi
Cast : Hugh Jackman, Christian Bale, Michael Caine
Released Date : 2006
Duration : 2h 10min
Country : United State
Genre : Drama, Mystery, Sci-Fi
Cast : Hugh Jackman, Christian Bale, Michael Caine
Released Date : 2006
Duration : 2h 10min
၁၉ ရာစုကနေ ၂၀ ရာစုကို အကူးအပြောင်းကာလရဲ့ ညနေခင်းတစ်ခု … ။ London မြို့ ကဇာတ်ရုံတစ်ရုံထဲက စင်မြင့်ပေါ်မှာဖျော်ဖြေနေတဲ့ မျက်လှည့်ဆရာကြီးကို စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ပရိသတ်တွေထဲ Robert Angier နဲ့ Alfred Borden ဆိုတဲ့ လူငယ်နှစ်ယောက်လည်း ပါနေတယ်။ နှစ်ဦးလုံးရဲ့ မျက်လုံးတွေက ပဥ္စလက်ဆရာကို မမှိတ်မသုန်ကြည့်နေပေမယ့်၊ သူတို့နှူတ်ခမ်းပေါ်က အပြုံးတွေကတော့ အဓိပါ္ပယ်ချင်း မတူညီကြဘူး။ Angier က မျက်လှည့်ပြကွက်ရဲ့ ဆန်းကြယ်ပုံကို တအံ့တသြနဲ့ သဘောကျပြီး ပြံုးနေတာ။ Borden ရဲ့ မျက်နှာပေါ်မှာ ရှိနေတာကတော့ ဒီမျက်လှည့်ဆရာရဲ့ လျို့ဝှက်ချက်ကို သူ့မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရလို့ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့အပြံုးမျိုး။
တကယ်တော့ Angier နဲ့ Borden တို့ကိုယ်တိုင်က တက်လမ်းရှာနေကြတဲ့ မျက်လှည့်ဆရာပေါက်စတွေ။ တစ်ခုကွာတာက Angier အတွက် အသက်မွေးဝမ်းကျောင်းဖြစ်လာမယ့်ဝါသနာတစ်ခုသက်သက်ဖြစ်တဲ့ ပဥ္စလက်အတတ်ဟာ Borden အတွက်တော့ သူ့ဖြစ်တည်မှူတစ်ခုလုံးရဲ့ အသွေးအသား ဖြစ်နေတာပဲ။ မျက်လှည့်ဆရာတစ်ယောက်ဟာ ပြောင်မြောက်တဲ့ပြကွက်တစ်ခုအတွက် ဘဝတစ်ခုလုံးကို ရင်းနှီးနိုင်ရမယ်၊ လိုအပ်လာရင် တစ်ဖက်သားကိုနာကျင်စေမယ့်ကိစ္စတွေကိုလည်း လုပ်နိုင်စွမ်းရမယ်လို့ နားလည်ခံယူထားတဲ့ Borden က ဒီအတတ်ပညာပေါ်မှာ သူ့လောက်လေးစားမှူမရှိဘူးလို့ သူယူဆထားတဲ့ Angier ကို အားမရဘူး။ဒါပေမယ့်၊ အထူးချွန်ဆုံးမျက်လှည့်ဝိဇ္ဇာဖြစ်တဲ့ကံကြမ္မာက ရက်စက်တဲ့လှည့်ကွက်တစ်ခုကို တင်ဆက်လိုက်တဲ့ ညတစ်ညမှာတော့၊ Borden ရဲ့အမှားကြောင့်ဖြစ်သွားတဲ့မတော်တဆမှူကနေ Angier ရဲ့ ဇနီး Julia အသက်ဆုံးသွားခဲ့တယ်။ အဲဒီနောက်မှာ ပဥ္စလက်ဆိုတာ Angier ရှင်သန်နေရခြင်းရဲ့ အဓိပါ္ပယ်ဖြစ်လာခဲ့သလို၊ Borden ထက်သာတဲ့ ပြကွက်ကို တင်ဆက်နိုင်ဖိုဟာ Angier ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ မျက်လှည့်ပညာအတွက် ဘဝတစ်ခုလုံးကို မြှပ်နှံလိုက်ကြတဲ့ Borden နဲ့ Angier နှစ်ယောက်ကြားမှာ၊ အနိုင်အရှံူးမရေရာပေမယ့်၊ နှစ်ယောက်လုံးရဲ့ဘဝတွေကို ကမောက်ကမဖြစ်စေမယ့် အားပြိုင်မှူတစ်ခု စတင်ခဲ့တော့တယ်။
ပဥ္စလက်ဆရာနှစ်ယောက်ရဲ့ အဆုံးသတ်မလှတဲ့အားပြိုင်မှူတစ်ခုအကြောင်းကို တင်ဆက်ထားတဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ The Prestige ဟာ ပရိသတ်ကို လှည့်စားတယ်။ အံ့သြမှင်သက်စေတယ်။ မမျှော်လင့်ထားတဲ့အဆုံးသတ်နဲ့ ကန့်လန့်ကာချတဲ့အချိန်မှာ ပရိသတ်ရင်ထဲမှာ စိတ်ကျေနပ်စရာခံစားချက်၊ မဆုံးနိုင်တဲ့အတွေးစတွေကိုထားရစ်ခဲ့တဲ့ ပဥ္စလက်ပြကွက်တစ်ခုပါပဲ။ ဒီကားထဲမှာ မင်းသား Christian Bale ရဲ့ ဇာတ်ကောင် Alfred Borden ပြောခဲ့တဲ့ “The secret impresses no one; the trick you use it for is everything.” ဆိုတဲ့စကားအတိုင်း Nolan ဟာ သူ့ရဲ့ trick ဖြစ်တဲ့ဒီဇာတ်ကားမှာ နောက်ဆုံးဇာတ်သိမ်းမှာ မြင်ရမယ့် twist ထက် အဲဒီ twist ကိုပံ့ပိုးတဲ့ဇာတ်လမ်းသွားကိုပဲ အကောင်းဆုံးတည်ဆောက်သွားခဲ့တယ်။ ခံစားကြည့်ရှုကြပါဦး။
0 comments:
Post a Comment