The Invisible Man (2020)

Rating : 7.3/10
Country : United State
Genre : Horror, Mystery, Sci-Fi 
Cast : Elisabeth Moss, Oliver Jackson-Cohen
Released Date : 2020
Duration : 2h 4min 

Hollowman တွေပြီးကတည်းက ကိုယ်ပျောက်လူသားကားတွေမကြည့်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ….

ကိုယ်ပျောက်ပြီးလူသတ်ခဲ့တဲ့ Hollowman ဇာတ်ကားကိုပြန်ပြီးတော့ဆန်းသစ်ရိုက်ကူးထားတဲ့ ၂၀၂၀ ထွက်ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ အရင်တုန်းက Hollowman ကားကိုကြိုက်ခဲ့တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုပိုပြီးတော့ ကြိုက်နှစ်သက်မှာသေချာပါတယ်။

ဇာတ်လမ်းလေးမှာတော့…………………
ဆိုက်ကိုတစ်ဦးနဲ့ ရည်းစားဖြစ်ကာ ရည်းစားရဲ့ ဆွဲလမ်းမှု ချုပ်ချယ်မှုဒဏ်ကို မခံစားနိုင်တဲ့ ကောင်မလေးတစ်ယောက် ဟာ သူ့ရဲ့ရည်းစားအိမ်ကနေထွက်ပြေးလာပါတယ်။ အဲဒီကောင်မလေးဟာ သူ့ရဲ့ အိမ်ထဲမှာတစ်ပတ်လောက်ပုန်းကွယ်ပြီးနေနေရာမှ သူ့ရဲ့အိမ်ကို သတင်းတစ်ခုရောက်လာတာက သူ့ကို နိပ်စက်နေတဲ့ ရည်းစားဆုံးသွားပြီဆိုတဲ့သတင်းပါ… အဲဒီလိုသတင်းကြားပြီးနောက်ကောင်မလေးအနေနဲ့ ဘဝသစ်တစ်ခုကိုပြန်လည်စတင်ဖို့ပြင်ဆင်ပါတော့တယ်။ အလုပ်လျောက်လွာတင်တယ် သူ့ရဲ့ပုံမှန်ဘဝလေးကိုပြန်လည်ပြီးတော့စတင်တယ်။ အဲဒီလိုအချိန်မှာ သူ့ရဲ့ရည်းစားရဲ့သေတမ်းစာမှာသူ့ကို ပိုင်ဆိုင်မှုတွေအကုန်လွဲအပ်ခဲ့ကြောင်းလည်း သတင်းရောက်လာပါတယ်။

အဲဒီလိုတဖြည်းဖြည်းနဲ့ ကောင်မလေးမှာ တစ်ဦးဦးစောင့်ကြည့်နေတဲ့ ခံစားချက်တွေ သူ့ကို တစ်ယောက်ယောက်က ခြောက်လှန့်နေသလိုတွေစပြီးတော့ခံစားရပါတော့တယ်။ အဲဒီနောက်မှာ ဘယ်လိုတွေဆက်ပြီးဖြစ်မလဲဆိုတာက…. သူ့ရဲ့ကောင်လေးက တကယ်ပဲ ကိုယ်ပျောက်နေတာလား …. ရူးနေတာက ကောင်မလေးများလား….. အဲဒီလိုမဟုတ်ပဲ သူ့ရဲ့ကောင်လေး ဟန်ဆောင်ထားတဲ့သူများလား…. လူသတ်ကားတစ်ကားအပြင် စိတ်ကိုဂယောက်ဂယက်ဖြစ်စရာအခန်းများကို မြင်တွေ့ရမှာပါ။

0 comments:

Post a Comment