The Hunt (2020)

Rating : 6.4/10
Country : United State
Genre : Action, Horror, Thriller
Cast : Betty Gilpin, Hilary Swank, Ike Barinholtz
Released Date : 2020
Duration : 1h 30min

သည်းထိတ်စရာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေမဲ့ ရသကိုပေးမယ့် ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Hunt ဆိုတာ အမဲလိုက်ခြင်းပေါ့။ ဒီကားလေးထဲမှာတော့ လူ ကို လူက ပြန်အမဲလိုက်တာလေးကို ဆန်းဆန်းလေးဖြစ်အောင် တင်ဆက်ထားပါတယ်။

တစ်နေ့မှာ လူ ၁၁ ယောက်က ကွင်းပြင်ထဲမှာ နိုးလာကြပါတယ်။ PuBG လိုပဲ လက်နက်တွေရောက်လာတဲ့အခါမှာတော့ သူတို့စတင်ပြီး အပစ်ခံရပါတော့တယ်။ ဘယ်သူတွေကပစ်ပြီး ဘာလို့ပစ်မှန်းလည်း မသိကြဘူး။ ပြေးရင်း သေရင်း သေရင်းပြေးရင်း နဲ့ ဇာတ်လမ်းတစ်ဝက်လောက်ကို ရောက်တဲ့အခါ လူလည်း တစ်ဝက်လောက်ပဲ ကျန်ပါတော့တယ်။ အဲ့ကမှ Snowball ဆိုပြီး နာမည်ပြောင်ပေးထားတဲ့ Fighter မင်းသမီးလေးချောချောလေးအလှည့်ရောက်တော့ ကြည့်ရတာ ဘာပြောကောင်းမလဲ ချကွက်တွေကလည်း ဂွတ်နေတာ။ ချကွက်ကလည်း အလန်း တစ်ကွက်ထိုး ဟာသလေးလည်းပါသေး။

နောက်ဆုံးကျမှ သူတို့ဘာကြောင့် Hunt လုပ်ရသလဲ ဆိုတာ သိသွားပါတော့တယ်။ သိချင်ရင်တော့ ကွကိုယ်ကြည့်တော့နော်။ အချိန်ဖြုန်းလို့အဆင်ပြေမယ့် ကားလေးတစ်ကားတော့ဖြစ်မှာပါ။ ။

0 comments:

Post a Comment