Rating : 8.6/10
Country : United State
Genre : Crime, Drama, Fantasy
Cast : Tom Hanks, David Morse, Michael Clarke Duncan
Released Date : 1999
Duration : 3h 9min
Country : United State
Genre : Crime, Drama, Fantasy
Cast : Tom Hanks, David Morse, Michael Clarke Duncan
Released Date : 1999
Duration : 3h 9min
မတရားမှုမှန်းသိသိကြီးတောင်ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ရာအင်အားမလုံလောက်တာ ။ ကျမတို့မျက်စိရှေ့လေးတင်မှာပဲမတရားမှုကို တွန်းလှန်နိုင်တဲ့ အင်အားနည်းပါးလို့ ကျရှုံးခဲ့ရပြီးသူတွေဘယ်လောက်လောက် ရှိနေပြီလဲ။ကျမတို့ တတ်နိုင်သရွေ့ကယ်တင်ခဲ့လား။မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ဒါမှမဟုတ် ရှင်ဟာ တစ်ပါးသူနာကျင်မှုအကြီးစားနဲ့ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့အရသာခံကြည့်တတ်သူလား။ကဲ အခု ကျမဇာတ်ကားဟောင်းတစ်ခုအကြောင်းနည်းနည်း ပြန်ပြောပြမယ်လေ။The Green Mile ဆိုတ့ဲ ေျခာက္အုပ္တြဲ ဝတၳဳထဲကပထမတွဲကို ၁၉၉၆ ခုနှစ် မာ့ချ်လကုန်လောက်မှာ စထုတ်တယ်။ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက်လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။ဒါနဲ့ စာရေးဆရာ Stephen King ရဲ့ The Green Mileအခန်းဆက်ဝတ္ထုရှည်ဟာ ကမ္ဘာကျော်သွားခဲ့တယ်။၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့အကောင်းဆုံးဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လိ ့ကြေငြာထားတဲ့Warner Bros ကေန The Green Mile အမည္နဲ ့ဇာတ်လမ်းတစ်ပုဒ် စတင်ဖြန့်ချိလာတယ်။Fantasy crime drama အမျိုးအစားပေါ့။ဝတ္ထုရော ဇာတ်လမ်းရောက Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးကသူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။အင်းစိန်ထောင်ထဲမှာ အပြင်လူတွေ မသိနိုင်တဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေနဲ့တချို့ထူးဆန်းအံ့သြဖွယ် ရင်နာဖွယ်အဖြစ်တွေ ၊တရားရေးနဲ့ဥပဒေရဲ့အားပျော့ကွက်တွေကိုတဆင့်ပြန်ကြားနေရပုံနဲ့ ခပ်ဆင်ဆင်ပေါ့။ ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့လူ ့ႏူးၫြတ္မႈ စိတ္ခံစားခ်က္ႏွစ္ခုၾကားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှသက်သေအထောကိအထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။တခါတေလမွာ စစ္မွန္တ့ဲ တရားမ်ွတမႈဆိုတာအကြီးဆုံးဒိုင်ဖြစ်တဲ့ အဲဒီဥပဒေဆိုတဲ့ကောင်ဆီမှာတောင် မရှိဘူး။ဒါဆို ဘာလို့ဥပဒေထားနေတော့မှာလဲ။ဘာလို့ဥပဒေထားနေတော့မှာလဲဆိုတော့အသိဉာဏ်နည်းတဲ့ တိရိစ္ဆန်ထက်စိတ်ဓာတ်အထားအသို ပိုနိမ့်ကျတဲ့လူ့တိရိစ္ဆာန်တွေ ရှိနေလို့ပေါ့။ဒီတော့လည်း လက်ခံကြရုံပေါ့။ ဒီဇာတ်ကားက ဘာသာရေးကိုလည်း အတန်ငယ် တိမ်းညွှတ်ထားတယ်။low-angel လို ့ပဲ ေခၚၾကစို ့ရဲ ့။အဲဒီတယောက်ဟာ သေဒဏ်ကျခံဖို့ရာတရားခံမှားယွင်းရောက်ရှိလာသူ ။တန်ဖိုးမြင့် တန်ခိုးအာနုဘော် ရှိသူ၊ထွားကျိုင်းသန်မာပြီး အရပ် ခြောက်ပေ ရှစ်လက်မရှိတဲ့လူမည်းကြီးပေါ့။ဂျွန်ကော်ဖီတဲ့ ။ John Coffey ပေါ့။သူ့နံမည်ကလွဲလို့ ကျန်တဲ့စာကို မဖတ်တတ်ရှာသူကြီးပေါ့။သူ့နံမည်ကိုမေးတိုင်း ”ဂျွန်ကော်ဖှီပါခင်ဗျာ။သောက်တဲ့ ကော်ဖီနဲ့အသံထွက်တူပါတယ်။စာလုံးပေါင်းတော့မတူပါဘူး။” လို့လေးတိလေးကန် ယဉ်ယဉ်ကျေးကျေး ပြန်ပြောတတ်သူကြီးပေါ့။ဘဝမှာ တခါဘူးမျှ ရုပ်ရှင်မကြည့်ဖူးသူကြီးပေါ့။လူတိုင်းကို ချိုချိုသာသာနဲ့မျက်ရည်တွေ ဝိုင်းပြီးသနားကရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်သူကြီးပေါ့။ကိုယ်တိုင်ကတော့ သူတပါးအခက်အခဲတွေကိုတတ်နိုင်သလောက် အစွမ်းကုန် ကူညီကယ်တင်ခဲ့ပေမဲ့ကိုယ့်အလှည့်မှာတော့ ကူည်ီကယ်တင်သူမရှိရှာဘဲ ဘုရားသခင်လိုပဲ သူတပါးအပြစ်အတွက်ကိုယ့်ကိုကိုယ် စွန့်ပစ်လိုက်ရသူ သနားစရာ လူထွားကြီးပေါ့။ သေဒဏ်ကျခံဖို့ ရောက်နေတဲ့ တခြားအကျဉ်းသားလေးငါးခြောက်ယောက်လည်း ရှိသပေါ့။သူတို့လည်း သူတို့အကြောင်းနဲ့သူတို့ပေါ့။သေဖို့နောက်ဆုံးနေ့ရက်နဲ အချိန်အတိအကျကိုသိသိကြီးနဲ့စောင့်နေကြရတဲ့ အထီးကျန်လူသားများပေါ့။ရဒ်အင်ဒီးယန်းတယောက်ပါတယ်၊ထောင်ထဲက ကြွက်စုတ်လေးတစ်ကောင်အပေါ် သူ့ရဲ့အဖော်အဖြစ်နောက်ဆုံးထွက်သက်ထိ သံယောဇဉ်တကြီးတွယ်ဖက်သွားတဲ့ လူတစ်ယောက်ပါတယ်၊ ဆေးအမြဲကွဲနေတဲ့ဆေးဘဲတစ်ပွေပါတယ်၊ စသဖြင့်ပေါ့လေ။သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူကူစောင့်ပေးရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကိုတတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ထောင်ဝန်ထမ်း အရာရှိများရဲ့ ဖြစ်တည်မှုပေါ့။ ဇာတ်ကားကြည့်ရင် ငိုတတ်တဲ့အကျင့် ရှင်တို့မှာရှိလား။ကျမကတော့ တယောက်ထဲ ဇာတ်ကားကြည့်မှစိတ်ကိုလွှတ်ပြီး ကြည့်လေ့ရှိတယ်။ကိုယ်မျက်ရည်ကျတာကို သူများမလှောင်စေဖို့ပေါ့။ရှင်ဟာ အကယ်၍ အဲဒီလို ခံစားမှု အားကောင်းသူဆိုရင် ၊မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်ပေါ့။ရှင်တို့ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ ငိုကြွေးရမယ်။အထီးကျန်ဆန်ရမယ်။ သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကိုကြပ္မ်က္တ့ဲပံုစံက လ်ွပ္စစ္ကုလားထိုင္မွာ တကိုယ္လံုးကိုဝါယာကြိုးတွေနဲ့ စည်းပြီး စီရင်တဲ့ပုံစံပဲ။သူတို့ကို စီရင်နေချိန်မှာ သူတို့ရဲ့ အသားတွေကိုလျှပ်စစ်ဖြတ်စီးသွားရာကနေ ရလာတဲ့လူသားညှော်နံ့တွေကို ရှင်တို့နှာခေါင်းထဲ ရလာလိမ့်မယ်။သေခြင်းတရားကို ဘယ်လောက်ပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့တွေးထားထားတကယ့်သေခြင်းတရားဟာ ဗို့အားထောင်ချီပြီးလျှပ်စီးကြောင်းတွေအဖြစ် ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာချိန်မှာအသက်ဓာတ်လေးနဲ့ လက်ရှိဖြစ်တည်မှုလေးအပေါ်ဖကိတွယ်ထားသေးချင်စိတ်က ဟုတ်ခနဲ တောက်ကြွလာမယ်။သူတို့ရဲ့သေခြင်းတရားအပေါ် ရင်ဆိုင်ကြပုံဟာဒီလိုပါလားလို့ ရှင်တို့ အလမ့်တကြားတွေ့ရမယ်။လောကကြီးရဲ့ တရားမျှတမှုအပေါ်မှာလည်းသံသယဝင်ကောင်း ဝင်လာနိုင်သေးတယ်။ ဇာတ်ညွှန်းသမားနံမည်ကို အရင်မိတ်ဆက်စို့ရဲ့။ဒီဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ ဇာတ်ညွှန်းခွဲသူကတော့Frank Darabont ပါတ့ဲ။နံမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တာမို့ဒီဇာတ်ကားကို အစအဆုံး သူပဲဇာတ်ညွှန်းခွဲသူပဲရိုက်ကူးခဲ့တာဖြစ်တယ်။ပရိုဂျူဆာလည်း သူပဲ။John Coffey ေနရာမွာ Michael Clarke Duncan,supporting roles နေရာတွေမှာDavid Morse, Bonnie Hunt, Jamrs Cromwell နဲ ့အသက်ကြီးသွားတဲ့ ပေါလ်အဒ်ချ်ကုမ့်ဘ် နေရာမှာတော့မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။ကြုံတုန်း ထည့်ပြောရမယ်ဆိုရင် Dabbs Greer ဟာအဲဒီကားမှာ သရုပ်ဆောင်စဉ်အချိန်မှာအသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ရှိနေပြီမို့ ဒါဟာသူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တယ်။ တဲ့။ ဒီဇာတ်ကားရဲ့အားကြီးတဲ့ သက်ရောက်မှုကြောင့်အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ပြောင်းလဲခဲ့တယ်။ဝတ္ထုမှာတင် အောင်မြင်ပြီးသားကမ္ဘာကျော်ပြီးသား The Green Mile ဟာဇာတိလမ်းအနေနဲ့လည်း အကောင်းဆုံးဇာတ်ကားဆု၊အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ်Michael Clarke Duncan (John Coffey) တို့ ရရှိခဲ့တယ်။ကန်ဒေါ်လာ သန်း ၆၀ ကုန်ကျခံရိုက်ကူးခဲ့ပြီးဝင်ငွေ ၂၉၀.၇ သန်း ကန်ငွေ ပြန်ရခဲ့တယ်။မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်။ကြည့်ပြီးရင်လည်း ထပ်ကြည့်ချင်တတ်တဲ့ ကားမျိုးပါ။
0 comments:
Post a Comment