Rating : 5.6/10
Country : Korea
Genre : Horror, Mystery
Cast : Jung-woo Ha, Yool Heo, Nam-gil Kim
Released Date : 2020
Duration : 1h 37min
Country : Korea
Genre : Horror, Mystery
Cast : Jung-woo Ha, Yool Heo, Nam-gil Kim
Released Date : 2020
Duration : 1h 37min
The Fiery Priest ထဲက မင်းသား Kim Nam-gil နဲ့ Along with the Gods ထဲက နာမည်ကျော် မင်းသား Ha Jung-woo တို့က ခေါင်းဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဗိသုကာပညာရှင်ဖြစ်တဲ့ ယွန်ဆန်ဝူး(Ha Jung-woo)ဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပြီးနောက် သမီးဖြစ်သူနဲ့ အတူနေထိုင်ခဲ့ပါတယ်။
ယာဥ်တိုက်မှုမှာ မိခင်ဖြစ်သူသေဆုံးမှုကို ကြုံတွေ့ခဲ့ရတဲ့ သမီးသာမက ဆန်ဝူးကိုယ်တိုင်လည်း စိတ်ကျဝေဒနာ ကို ခံစားခဲ့ရပါတယ်။
ယခင်ကတည်းက အလုပ်ကိုသာ ဦးစားပေးခဲ့သူမို့ မိသားစုနဲ့ အနေစိမ်းသော ဆန်ဝူးတယောက် ဇနီးသည်မရှိသည့်နောက်ပိုင်း သမီးကို စောင့်ရှောက်ရမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
သမီးဖြစ်သူနဲ့ ရင်းနှီးမှုရဖို့ အိမ်ပြောင်းလာရမှ ရုတ်တရက်ဆိုသလို သမီးဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို တွေ့လာရပါတယ်။ သမီး၏အခန်းထဲမှ အော်သံတွေ စကားပြောသံတွေကြောင့် မေးကြည့်သော်လည်း သမီးက ဘာမှပြန်မပြောပြခဲ့ပါဘူး။
တစ်ရက်မှာ သမီးဖြစ်သူတစ်ယောက်ရုတ်တရက် ပျောက်ဆုံးသွားရာ….. _ _ _ _ _ _ _ ယွန်းဆန်းတစ်ယောက် သမီးဖြစ်သူကို ဘယ်လိုရှာဖွေမလဲ။
အင်နာလေး ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကရော ဘာလဲ…ပြန်လည်ရှာဖွေတွေ့ရှိနိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
သဲထိပ်ရင်ဖိုဇာတ်ကားဖြစ်သော်လည်း ကလေးတွေရဲ့ စိတ်အခြေအနေ၊သဘာဝ၊ မိသားစုတွေရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဝေဒနာ တွေကိုပါ ကြည့်ရှုလေ့လာနိုင်သည့်အတွက် လက်မလွတ်သင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ။

0 comments:
Post a Comment