Ocean's Eleven (2001)

Rating : 7.8/10
Country : United State
Genre :    Crime, Thriller
Cast :George Clooney,Cecelia Ann Birt,Paul L. Nolan
Released Date : 2001
Duration : 1h 56min

George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts တို႕လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ဆုပေါင်း ၄ ဆု ရရှိခဲ့ပြီးတော့ အခြား ၁၈ ဆုအတွက် စံကာတင် စဉ်းစားခံခဲ့ရပါတယ်။
ဒီဇာတ်လမ်းမှာတော့ George Clooney (Dapper Dany Ocean) က ခေါင်းဆောင် နေနဲ့ သရုပ်ဆောင်သွားမှာပါ။ Dapper Danny Ocean (George Clooney) သူ့အပေါင်းအပါ ၁၁ ယောက် Las Vegas မှာရှိတဲ့ ကာစီနို ၃ ခုစလုံးကို ဆက်တိုက်ဆိုသလို ဝင်ဖြောင်တဲ့ အကြောင်းပါ။Danny Ocean ဟာ ပြီးခဲ့တဲ့ ၂၄ နာရီ အကြာကပဲ နယူးဂျာစီ ထောင်ကနေ ဝန်ခံချုပ်နဲ့ လွတ်လာခဲတာဖြစ်ပြီး သမိုင်းမှာ အကြီးစား လုယက်မှု ကြီးတစ်ခုကို စံချိန်တင်ချင်နေခဲ့တာပါ။ သူက Frank Catton၊ Rusty Ryan နဲ့ Linus Caldwell စတဲ့ ၁၁ ယောက်ပါတဲ့ အဖွဲ့တစ်ခု ဖွဲ့လိုက်ပါတယ်။သူတို့ရဲ့ ပစ်မှတ်လား??? Bellagio တို့၊ Mirage တို့၊ ပြီးတော့ MGM Grand ပေါ့ဗျာ။အဲ့ကာစီနို ၃ ခုလုံးက Terry Benedict ပိုင်တာဗျ။ သိပ်တော့မလွယ်ဘူးဗျို့။ မသိမသာဝင်ပြီး ဒေါ်လာ သန်း ၁၅၀လောက်နဲ့ ထွက်လာရမှာကိုး။သူတို့က စည်းကမ်း ၃ ခုနဲ့ လုပ်တာပါ၊ “ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့၊ မဆိုင်တဲ့လူတွေဆီက မခိုးရဘူး၊ ပြီးတော့သူတို့မှာ ရှုံးစရာကို မရှိတဲ့ပုံစံနဲ့ ဝိုင်းတွေမှာ ကစားမယ်” ဆိုတဲ့ စည်းကမ်းတွေပါ။အလိမ်အကောက်လေးတွေနဲ့ မှုခင်းဆန်ဆန်ဇာတ်လမ်းမှဆိုရင်တော့….။

0 comments:

Post a Comment