Narcos (2015-2017)

Season (1) - 10 Episodes
Season (2) - 10 Episodes
Season (3) - 10 Episodes

Rating : 8.8/10
Country : United State
Genre :  Biographical, Crime, Drama
Cast : Wagner Moura. Boyd Holbrook. Pedro Pascal. Joanna Christie. Maurice Compte. André Mattos. Roberto Urbina. Diego Cataño.
Released Date : 2015-2017

Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။
ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့
ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ်
ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကို မီးရှိူ့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို ၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသော မူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့ ၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။
သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသော ရာဇာဝတ်သားအဖြစ်လည်း
မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့် ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇဝတ်မှုအသေးစားတွေကျူးလွန်ရင်း မှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ ၀မ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။
ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။
ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။ Biography/Crime အမျိုးအစားဖြစ်ပေမယ့်
လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ် Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားက ကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗာျးတို့မှားသွားလိမ့်မယ်…၊ ပါ့ဘလိုရဲ့ ဒုစရိုက်လောကလှုပ်ရှားပုံတွေ…သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ…နောက်ကျောဓားနဲ့ထိုးမယ့်သူတွေ ကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေ ဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်…ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့….

0 comments:

Post a Comment