Mafia: Chapter 1 (2020)

Rating : 6.2/10
Country : India
Genre : Action, Crime 
Cast : Arun Vijay, Prasanna
Released Date : 2020
Duration : 1h 53min

ဒီကားက မြန်မာပြည်မှာတောင်မတ်လ ၁၃ရက်နေ့အထိ ရုံတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။
မူးယစ်အထူးအဖွဲ့က အာရ်ယန်ဟာ ချန်နိုင်းက တိုးပွားလာတဲ့မူးယစ်ဆေးဝါးအမှုတွေအတွက် ခေါင်းစားနေချိန်မှာ. . .ချန်နိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းဆောင်က မပိုင်ပဲမလုပ်ဖို့ မသိသလိုနေဖို့ သူ့ကို ပြောလာခဲ့ပါတယ်။ဒီမူးယစ်အမှုတွေရဲ့နောက်ကွယ်ကလူဟာ အာဏာရှိတဲ့သူ ဖြစ်နေတဲ့အတွက်မပိုင်ပဲလုပ်ရင် ဒုက္ခရောက်နိုင်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်က အာရ်ယန့်ကိုအသိပေးတာ ဖြစ်ပါတယ်။ဒီအတောအတွင်းမှာ အာရ်ယန်နဲ့ခင်တဲ့ ထောက်လှမ်းရေးအလုပ်ကို ခုံမင်တဲ့သူတစ်ယောက်ဟာ အရေးကြီးတဲ့သတင်းပေးစရာရှိတယ်လို့ချိန်းပြီး အာရ်ယန်နဲ့မတွေ့ခင် အသတ်ခံလိုက်ရတယ်။သူပေးချင်တဲ့သတင်းက ဘာလဲ?မူးယစ်ဆေးဝါးအမှု့တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာက ဘယ်သူတွေလ?အာရ်ယန်ကရော ဒီအဖွဲ့ကို ဘယ်လိုဖော်ထုတ်မှာလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ကြပါ။သေချာတာကတော့ ပျင်းစရာ ကောင်းမနေပဲ စိတ်ဝင်စားစရာအပြည့်ပါတဲ့ဇာတ်ကားကောင်းတစ်ကားပါ။

0 comments:

Post a Comment