Jeepers Creepers 2 (2003)

Rating : 5.6/10
Country : United State
Genre : Horror, Mystery 
Cast :Garikayi Mutambirwa,Ray Wise,Jonathan Breck
Released Date : 2003
Duration : 1h 44min


epper Creeper-2ဟာဆိုရင် 2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ Horrorဇာတ်ကားမျိုးဖြစ်ပါတယ်၊2001မှာ Jeeper Creeper-1ထွက်ခဲ့တာအောင်မြင်ပြီးလူကြိုက်များခဲ့လို့ ၂ဖြစ်တဲ့ဒီကားကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ ပထမပိုင်းကအဆက်လိုပဲ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင် လူသားတွေကိုစားပစ်တဲ့ EastNineလမ်းမကြီးပေါ်က သေမင်းတမန်တော်တစ်ကောင်ရှိပါတယ်။အဲ့ဒီချိန်မှာပဲ ကျောင်းဘတ်စကတ်ဘောအသင်းတစ်ခုဟာ EastNineလမ်းမကြီးပေါ်ကနေဖြတ်လာတဲ့အခါမှာ အဲ့ဒီသေမင်းတမန်တော်နဲ့ တည့်တည့်တိုးပါတော့တယ်။သူကကျောင်းသားတွေထဲက အကြောက်တရားတွေထဲမှာအနံခံပြီးသူကြိုက်တဲ့လူကိုရွေးပြီးစားမလို့လုပ်ပါတယ်။
အဲ့မှာတင်ပဲ ကျောင်းသားတွေဟာ သူ့ကိုရွေးသွားတယ်ငါ့ကိုမရွေးဘူး၊ ဘယ်သူ့ကြောင့်တော့ငါတို့အသေမခံနိုင်ဘူးစသဖြင့် အချင်းချင်းစိတ်ဝမ်းကွဲကုန်ကြပါတယ်၊…..အဲ့လိုအဖြစ်အပျက်လေးတွေနဲ့ ကျောင်းသားတွေအားလုံး သေမင်းတမန်တော်လက်ထဲအလွတ်ပြေးနိုင်ခဲ့ကြလား၊ဒါမှမဟုတ် သေမင်းတမန်တော်က သူရွေးချယ်ထားတဲ့သူတွေကိုပဲအမိအရဖမ်းပြီး သတ်စားနိုင်ခဲ့လားဆိုတာတော့ဒီဇာတ်လမ်းလေးမှာစိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာပဲဖစ်ပါတယ်။Horrorကြိုက်တဲ့ ပရိတ်တွေအတွက်တော့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။

0 comments:

Post a Comment