Inglourious Basterds (2009)

Rating : 8.3/10
Country : United State
Genre :  Adventure, Drama, War
Cast : Brad Pitt, Mélanie Laurent,Christoph Waltz
Released Date : 2009
Duration :  2h 33min 

Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒုတိယကမ႓ာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ…..
နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။
အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။ဒီဇာတ်ကားဟာ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ဇာတ်ရုပ်တွေကို အများနဲ့မတူအောင် ခွဲထွက်ရိုက်ကူးတဲ့ နေရာမှာ နာမည်ကျော်တဲ့ အော်စကာဆုအပြင် အခြားဆုတွေအများကြီး ရထားတဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ လက်ရာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်မှု နဲ့ ရိုက်ကူးတင်ပြမှုတွေအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းမို့  ပရိသတ်ကြီး ခံစားကြည့်ရှုကြပါဦးလို့……

0 comments:

Post a Comment