High Seas (2019-Ongoing)

Season (1) - 10 Episodes
Season (2) - 10 Episodes

Rating : 6.8/10
Country : Spanish
Genre :  Drama, Crime Fiction, Mystery
Cast : Ivana Baquero, Alejandra Onieva, Jon Kortajarena, Eloy Azorín, Chiqui Fernández, Tamar Novas, Daniel Lundh, Natalia Rodríguez, Laura Prats, Ignacio Montes, Begoña Vargas, and Manuela Vellés.
Released Date : 2019 - Ongoing

” တချို့သော လျှို့ဝှက်ချက်တွေက သမုဒ္ဒရာထက် နက်ရှိုင်းတယ် “
ဇာတ်လမ်းက ဗီယန်နွယ်ဗာ ညီအစ်မနှစ်ယောက် အမျိုးသမီးတစ်ယောက်ကို သင်္ဘောပေါ်ကို ခိုးတင်ပြီး ကယ်လာခဲ့ရာကနေ စပါတယ်။
သူတို့ကယ်တင်ခဲ့တဲ့ အမျိုးသမီး သင်္ဘောပေါ်က ျပဳတ္က်ၿပီး ေသဆံုးခဲ့ရာကေန စတင္လာခဲ့တာပါ။ အဲဒီနောက်မှာ လူသတ်မှု လူသေမှုတွေကဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ဖြစ်တာဆိုတော့တရားခံက သင်္ဘောပေါ်ကပေါ့။ ဒါကိုတောင် ရှာရခက်တယ်ဆိုတော့ ဇာတ်လမ်းက ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ ပြောဖို့ မလိုပါဘူးနော့။ တရားခံရှာရခက်တဲ့ လူသတ်မှုတွေကနေ ပေါ်လာလိုက်တဲ့ လျှို့ဝှက်ချက်တွေဆိုတာဟာ တကယ့်ကို သမုဒ္ဒရာထက် နက်ရှိုင်းလွန်းလှပါတယ်။
စပိန်ကားတွေရဲ့ဝိသေသလို့ ပြောရမယ့် Twist တွေဟာ ဒီဇာတ်လမ်းမှာ တစ်ပိုင်းထက်တစ်ပိုင်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်အောင် ကြည့်ရမှာပါ။ တစ်ပိုင်းထက်တစ်ပိုင်း ရှုပ်ထွေးလာသလို တစ်ပိုင်းထက်တစ်ပိုင်းလည်း ရှင်းလင်းလာမှာပါ။ တကယ့်ချည်ခင်ထွေးကို ဖြည်ပြသလို တစ်ဆင့်ချင်းဖြည်ပြသွားတာဟာ ဇာတ်လမ်းရဲ့အနှစ်သာရပါပဲ။ လူ့သဘော လူ့မနောကိုလည်း ဒီဇာတ်လမ်းမှာ ကောင်းကောင်းတင်ပြထားပါတယ်။
လူကောင်းလို့ထင်ရတဲ့လူတွေရဲ့ Dark Side ကို မြင်ရမှာဖြစ်သလို လူဆိုးလို့ ထင်ရတဲ့ လူတွေရဲ့ကောင်းကွက်ကလည်း ပေါ်လာတတ်ပါတယ်။
လောကဓံရဲ့အလှည့်အပြောင်းတွေဟာ တစ်ခါတစ်လေမှာ ထင်မှတ်မထားလောက် ကြီးမားပါတယ်။
Season 1 ကတော့ အပိုင်း ၈ ပိုင်းပဲ ပါဝင်ပါတယ်။ Season 1 မှာ ထားခဲ့တဲ့ ဇာတ်လမ်းက Season 2 ကိုဆက်ကြည့်ချင်လောက်အောင် ဖြစ်မယ်ဆိုတာ အာမခံပါတယ်။ Netflix က ရိုက်ထားတာဆိုတော့ ထပ်ပြီး ညွှန်းစရာ လိုမယ် မထင်တော့ပါဘူး

0 comments:

Post a Comment