Her Private Life (2019)

16 Episdoes

Rating : 8.5/10
Country : South Korean
Genre : Friendship,Business,Comedy,Romance,Life,Drama,Family
Cast :  Park Min Young,Kim Jae Wook,Ahn Bo Hyun,Park Jin Joo

Sung Deok-Mi (Park Min Young)ကအနုပညာပြခန်းတစ်ခုရဲ့ ပြတိုက်မှူး တစ်ယောက်ဖြစ်သလို အဆိုတော်အဖွဲ့ဝင်လေးဖြစ်တဲ့ Shi-An ကိုလည်း အရူးအမူးစွဲလမ်းနှစ်သက်နေတဲ့ ပရိတ်သတ်တစ်ယောက်ပါတဲ့။ ဘယ်လောက်ထိလဲဆိုရင် fan website တစ်ခုတောင်ထောင်ထားပါသတဲ့။ ? Shi An အပေါ်သူမရဲ့စွဲလမ်းမှုကြောင့် ပြတ်စဲရပ်ဆိုင်းလိုက်ရတဲ့ လူမှုရေးတွေအများကြီးရှိခဲ့ပါသတဲ့။ Sung Deok-Mi ကခုလက်ရှိမှာတော့ အလုပ်အပေါ်အာရုံစိုက်ရင်း Shi Ah ရဲ့ fangirl အဖြစ်လည်း တစ်ဖက်တစ်လမ်းကနေ သူမရဲ့ ကိုယ်ပိုင်ဘဝကိုဖြတ်သန်းနေပါတယ်။

တစ်ရက်မှာ.. Sung Deok Mi အလုပ်လုပ်နေတဲ့အနုပညာပြခန်းကို ပြခန်းဒါရိုက်တာ အသစ်တစ်ယောက်ပြောင်းလာခဲ့ပါတယ်။ သူကတော့.. Ryan Gold (Kim Jae-Wook) ပါ။ အရင်ကနာမည်ကျော်ကြားခဲ့တဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ပန်းချီဆွဲခြင်းအလုပ်ရပ်ဆိုင်းထားတဲ့သူပါ။ Ryan ရဲ့ကာရိုက်တာက တခြားသူတွေအပေါ် အလေးထားစိတ်ဝင်စားလေ့မရှိတတ်တဲ့သူ (အချေစိန် ?) ပေါ့နော်။ ဒါပေမယ့်လည်း ဘယ်လိုဆိုဆို Sung Deok Mi က Shi-Anရဲ့အမာခံပရိတ်သတ်တစ်ယောက်ဖြစ်ပြီး website တစ်ခုတောင်ပြုလုပ်ထားတယ်ဆိုတာသိလိုက်ရတဲ့အခါ… Ryanတစ်ယောက်အချေစိန်ကနေ စပ်စုစိန်ဖြစ်လာခဲ့ပါတယ်တဲ့။ ?

Nam Eun Ki (Ahn Bo-hyun) ကတော့ ဂျူဒိုကစားသမားတစ်ယောက်ပါ။ Sung Deok-Mi ရဲ့ငယ်သူငယ်ချင်း ဖြစ်သလိုသူမကိုတစ်ဖက်သတ်ချစ်နေရသူပါတဲ့။

Cha Shi-an (One) ကတော့ “White Ocean” ဆိုတဲ့ အဆိုတော်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့ရဲ့ပါရမီနဲ့အတူ ချောမောတဲ့ရုပ်ရည် ကြောင့် အဖွဲ့သားတွေအကြားမှာ ရေးပန်းအစားဆုံး ဖြစ်သလို Sung Duk-mi အပါအဝင်များစွာသော အမာခံပရိတ်သတ် တွေပိုင်ဆိုင်ထားတဲ့ idol တစ်ယောက်ပါ။

idol ကို သဲသဲလှုပ်ချစ်တဲ့ မမရယ် မမကိုမှစိတ်ဝင်စားမိသွားတဲ့ အချေစိန်ကိုကို ရယ် တို့ကြားမှာ.. ဘယ်လိုဘယ်လိုတွေများဖြစ်လာမလဲ??? ဆိုတာကိုတော့

0 comments:

Post a Comment