Rating : 8.4/10
Country : Japan
Genre : Animation, Drama, War
Cast : Tsutomu Tatsumi, Ayano Shiraishi, Yoshiko Shinohara
Released Date : 1988
Duration : 1h 29min
Country : Japan
Genre : Animation, Drama, War
Cast : Tsutomu Tatsumi, Ayano Shiraishi, Yoshiko Shinohara
Released Date : 1988
Duration : 1h 29min
animeဖြစ်လို့ကြည့်ဖစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ….အညွှန်းပေးရမယ်ဆိုရင်တော့….ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ…..ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်…အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်..အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့..ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်..ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်..အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်..ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်..ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးအရင်ကမိသားစု စုံစုံလင်လင်ရှိချိန်တွေပြန်စဉ်းစားကြတယ်..တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲ….သူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား..ဒီကားလေးကိုဂျပန်လို အဓိပ္ပါယ်ဆိုရင်”ပိုးစုန်းကြူးတို့ရဲ့ ဝိဉာဉ်” လို့ခေါ်ဆိုပါတယ်..ဒီရဲ့အဓိပ္ပါယ်ကရော ဘာကြောင့်ခေါ်တာလဲဆိုတာအပြည့်အဝဆက်သိချင်ရင်တော့ ဒီကားလေးကိုဆက်လက်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်ဂျပန်လူမျိုးတို့ရဲ့ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေပုံကနေခေတ်မှီတဲ့နိုင်ငံတော်တစ်ခုဖြစ်ရောက်အောင်ဘယ်လိုစိတ်အင်အားတွေကတွန်းပို့ပေးခဲ့လည်းဆိုတာဒီဇာတ်ကားလေးက သရုပ်ဖေါ်ပြပေးနေသလို..သနားစို့နင့်မှုတွေနဲ့တကွ..လောကဒဏ်ကိုကြံကြံခိုင်တွန်းလှန်စေရဲမဲ့သတ္တိတွေ..စစ်အတွင်းမှာသားကောင်ဖြစ်ခဲ့ရတဲ့ပြည်သူတွေရဲ့ဘဝနဲ့အကိုတယောက်ကသူ့ညီမလေးအပေါ်မှာထားရှိတဲ့မေတ္တာတွေကိုပြည့်ပြည့်ဝဝဖေါ်ကျူးထားတဲ့ Best Animation Movie Of All Timeသတ်မှတ်ခံထားရတဲ့ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ ကိုယ်ပါခံစားမိလာပြီး..မျက်ရည်ကျတဲ့အထိပါပဲ…
0 comments:
Post a Comment