Fates And Furies (2018)

16 Episdoes

Rating : 7.5/10
Country : South Korean
Genre : Romance,Drama,Family,Melodrama
Cast : Joo Sang Wook,Lee Min Jung,So Yi Hyun,Lee Ki Woo

ဇာတ်ကားလေးကတော့ Joo Sang Wook, Lee Min Jung, So Yi Hyun နဲ့ Lee Ki Woo တို့ အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Fates and Furies ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ချစ်ပရိသတ်ကြီးအနေနဲ့…..

ဖခင်ဖြစ်သူဆီကနေ handmade ဖိနပ်လုပ်တဲ့ပညာကို အမွေဆက်ခံခဲ့ပြီး အရည်အချင်းပြည့်ဝပေမယ့် ကံအကျိုးပေးမလှလို့ အခက်အခဲပေါင်းများစွာကို တစ်ကိုယ်တည်းရင်ဆိုင်နေရတဲ့ ကူဟီးရာ

ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝသလောက် အမွေလုဘက် ညီအစ်ကိုမောင်နှမတွေကြား ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရသူ Gold ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ စီအီးအို ထယ်အင်ဂျွန်း

စီးပွားရေးလောကမှာ သြဇာကြီးမားတဲ့ မိဘဂုဏ်ရှိန်ကြောင့် ရိုင်းစိုင်းမောက်မာပြီး ရည်မှန်းချက်ကြီးသူ၊ ထယ်အင်ဂျွန်းရဲ့ fiancé ချာဆူဟွန်း

ချာဆူဟွန်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး လူသိမခံတဲ့ လျှို့ဝှက်ချက်တွေ ပွေ့ပိုက်ထားရသူ၊ ချာဆူဟွန်းအပေါ် အနိုင်ယူ ကလဲ့စားချေလိုသူ ဂျင်ထယ်အို

ဒီလေးယောက်ရဲ့ အားပြိုင်မှုတွေ၊ အပြန်အလှန် ပတ်သက်ဆက်နွယ်မှုတွေအကြောင်း စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်အိမ်အစပျိုးကတည်းက tempo မြင့်မြင့် တာထွက်လာတာကြောင့် ပရိသတ်ရဲ့သိလိုစိတ်ကို ဆွဲဆောင်လှုတ်ခတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဇာတ်ကား down မကြည့်ခင် ဂျယ်ထယ်အိုက ကူဟီးရာကိုပြောခဲ့တဲ့ စကားလေးတစ်ခွန်း အမြည်းပေးလိုက်ပါတယ်

“ကျွန်တော့်အတွက် ခိုးပေးစရာတစ်ခုရှိတယ်၊ အဲဒါက လူတစ်ယောက်ရဲ့ နှလုံးသား၊ ဟောဒီ့ယောက်ျားရဲ့ နှလုံးသားကိုပဲ…..”

အားလုံး စီးမျောခံစားနိုင်ကြပါပြီနော်

0 comments:

Post a Comment