Falsify (2017)

16 Episdoes

Rating : 8.1/10
Country : South Korean
Genre : Suspense,Thriller,Law,Crime,Investigation
Cast : Nam Goong Min,Yoo Joon Sang,Uhm Ji Won,Jeon Hye Bin,Moon Sung Geun

Falsity Drama သည် အမှန်တရားဟာ လောကကြီးနဲ့ စောက်ထိုးမိုးမျှော်ဖြစ်နေပြီး ထိုအမှန်တရားကို ဖော်ထုတ်ဖို့ ရည်ရွယ်နေတဲ့ အစိုးရရှေ့နေ တစ်ဦးနဲ့ သတင်း​ထောက်တစ်ဦးတို့အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်သည်။
Han Moo Young (Namgoong Min) သည်သူ၏အစ်ကို ရဲ့သေဆုံးချင်း အတွက် တာဝန်ရှိသူတွေအပေါ် မှာ လက်စားချေဖို့ကြိုးစားနေ တဲ့ သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။ သူ့အစ်ကိုကြီးကလည်း အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ဖို့ကြိုးစားရင်းသေဆုံးသွားတဲ့ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။
မင်းသားက တော့ ရင်းနှီးပြီးသားပါ Remember You နဲ့ ကျော်ကြားလာပြီး Beautiful Gong Shin ရဲ့ အဓိကသရုပ်ဆောင် Chief Kim ရဲ့ Kim Manger ကြီး Nam Goong Min က သတင်းထောက် Han Moo Young ပဲ​​ဖြစ်ပါတယ်(WGM 2015-2016 မှာလည်း Hong Jin Young (Love Battery သီချင်းနဲ့ လူသိများတဲ့ ) နဲ့လည်း MinYoung Couple ဆိုပြီး လူသိများခဲ့ပါတယ်)
Kwon Soo Ra (Uhm Ji Won)သည် သူမ၏ တစ်သက်သာ၌ သူမ၏ အားနည်းခြင်းအဖြစ်ကို ဘယ်တော့မှ မပြသခဲ့သော အကြမ်းဖက်ရာဇဝတ်မှု ဌာနခွဲတစ်ခု ရဲ့ အစိုးရရှေ့နေဖြစ်ပါတယ်။ သူမသည် သူမသမိုင်းကြောင်းမှာ အသက်အငယ်ဆုံးနဲ့ အတော်ဆုံး အစိုးရရှေ့နေဖြစ်သည့်အတွက် သူမကို အစိုးရရုံးမှာ မီးမောင်းထိုးပြီးဂုဏ်ပြုထားကြသည်။ သူမရဲ့ ပွင့်လင်းစွာ ပြောတတ်ခြင်း အောင်မြင်ခြင်း အဲအရာတွေကြောင့် သူမကို သူမနဲ့ရွယ်တူ​တွေက ငြူစူမှုများ သို့မဟုတ် သံသယများဖြစ်ခြင်းကို ခံရတယ်။
မင်းသမီးကတော့ The Woman Who Three Time Married 2013-2014 ​ရိုက်​ပြီးကတည်းက Drama တွေ နားထားပြီး Movie တွေပဲရိုက်နေခဲ့ပြီး အခုမှ Drama ပြန်ရိုက်တဲ့ Uhm Ji Won က အစိုးရရှေ့နေ Kwon Soo Ra ပဲ ဖြစ်ပါတယ်
Lee Seok Min (Yoo Joon Sang) သည် သတင်းဆရာ တစ်ယောက်ဖြစ်ပြီး သူဟာ အဆိုးမြင်တတ်သော, ခေါင်းမာသော, မ​ကျေနပ်မူများစွာနဲ့ သံသယရှိတတ်သူ ကျွဲမြှီးတိုတတ်သော ဦလေးကြီးဖြစ်သည်။သူသည် တစ်ချိန်က မြို့ရဲ့ စားပွဲခုံတစ်ခုမှာ နာမည်ကျော်ကြား သူတစ်ဦးဖြစ်ခဲ့ပေမယ့်လည်း သူသည် သူ့မှာမရှိတာကို ရှာကြံ ကိုယ်ရည်သွေးပြီး ​ပြိုင်ဘက်သတင်းစာရဲ့ အရေးပါတဲ့ သတင်း​တစ်ခုကို ​ဖော်ထုတ်ခဲ့ ဖူးသည်
Oh Yoo Kyung (Jeon Hye Bin) ကတော့ Lee Suk Min နဲ့ အလုပ်အတူတူတွဲလုပ်တာကြာပြီဖြစ်ပါတယ်

0 comments:

Post a Comment