21 Episdoes
Rating : 8.1/10
Country : South Korean
Genre : Comedy,Romance,Drama,Medical
Cast : Song Ji Hyo,Choi Jin Hyuk,Lee Pil Mo,Choi Yeo Jin,Chara Le
အာဟာရဗေဒ အထူးပြုနဲ့ ဘွဲ့ရခါစ
အလုပ်မရသေးတဲ့ ကောင်မလေးတို့ရဲ့
အချစ်ဇာတ်လမ်းလေးမှာ
လူကြမ်းတွေကတော့
မင်းသားရဲ့ မိဘ အသိုင်းအဝိုင်းပါပဲ။
တစ်မိသားစုလုံး ဆရာဝန်တွေ ဖြစ်တဲ့အပြင်
ပိုက်ဆံရှိ ပညာတတ် မာနကြီးတဲ့ အသိုင်းအဝိုင်းမို့
ဆရာဝန် မဟုတ် သူဌေးသမီးလဲ မဟုတ်တဲ့
ကောင်မလေးကို အပြင်းအထန်
ကန့်ကွတ်ကြပါတော့တယ်။
ဘယ်လိုပဲ သဘောမတူမှုတွေ ရှိခဲ့ပေမယ့်..
သူတို့နှစ်ဦးဟာ လက်တွဲထွက်ပြေးလို့
ဘုရားကျောင်းလေး တခုမှာ
သစ္စာဆို လက်ထပ်ခဲ့ကြပါတယ်။
အိမ်ရဲ့ထောက်ပံ့မှု မရှိတော့တဲ့
ဆေးကျောင်းသားလေးဟာ ကျောင်းထွက်ပြီး
ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအဖြစ် အလုပ်ဝင်လို့
အိမ်ထောင်တာဝန် ထမ်းဖို့ ဖြစ်လာပြီး
ကောင်မလေးကတော့
အလုပ်ရှာရင်းနဲ့ အိမ်ရှင်မ ဖြစ်လာခဲ့တယ်။
ငယ်ရွယ်ပြီး ပညာမစုံ အလုပ်အကိုင်မရှိတဲ့
သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ
နှစ်ဦးကြားထဲ သည်းခံနိုင်စွမ်းနဲ့
နားလည်မှုပါ ချို့တဲ့လာပြီး၊
၁ နှစ်အကြာမှာတော့ လမ်းခွဲဖို့ ဖြစ်လာပြီး
ကွာရှင်းပြတ်စဲပြီးစီးခြင်းနဲ့ အဆုံးသတ်သွားပါတယ်။
၆ နှစ်အကြာမှာတော့ မခံချင်စိတ်နဲ့ ဆေးပညာကို
သေလောက်အောင် ကြိုးစားသင်ယူလို့
အသက် ၃၃ နှစ်မှာ
အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့ မင်းသမီးနဲ့ ..
အမေရိကန်မှာ ဆေးပညာနဲ့ ဘွဲ့ရလာခဲ့ပြီး
အလုပ်သင် ဆရာဝန်ဖြစ်လာတဲ့ မင်းသား ..
ဆိုးမြို့ တက္ကသိုလ်ဆေးရုံတခုရဲ့
အရေးပေါ်ဌာနမှာ တဖွဲ့တည်းအတူ
လက်တွေ့ဆင်းရဖို့ ဖြစ်လာတဲ့ အခါမှာတော့
ဘာတွေ ဆက်ဖြစ်ကြမှာလဲဆိုတာ

0 comments:
Post a Comment