Deadpool 2 (2018)

Rating : 7.7/10
Country : United State
Genre :    Action, Adventure, Comedy 
Cast : Ryan Reynolds,Josh Brolin,Morena Baccarin
Released Date : 2018
Duration : 1h 59min

Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာ‌လည်း တော်တော်မိုက်တယ်။တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတစ်ယောက် cameo ပါသေးတယ်။သေချာကြည့်ကြည့်ကြပေါ့ဗျ။နောက်ထပ် Cameo ကတော့ IT ထဲက Pennywise လုပ်ခဲ့တဲ့ မင်းသား Bill Skarsgård လေးက Zeitgeist အဖြစ်ပါဝင်ထားတာပါပဲ 

0 comments:

Post a Comment