Come and Hug Me (2018)

16 Episdoes

Rating : 8.6/10
Country : South Korean
Genre : Suspense,Thriller,Romance,Crime,Drama,Family
Cast : Jang Ki Yong,Jin  Ki Joo,Heo Joon Ho

ဒီကားလေးဟာမထွက်ခင်ကတည်းက
လူပြောများတဲ့ကားလေးပါ။ ပထမကဆူဇီနဲ့ နမ်ဂျွန်ဟော့ကိုကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တဲ့ကားပါ။ မင်းသားအနေနဲ့ကတော့ The Boy Next Doorနဲ့လူသိများပြီး Liar and His Lover,Go Back Couple,My Mister တို့နဲ့ပိုနာမည်ကြီးလာတဲ့မင်းသားChang Ki Youngပါ။ မင်းသမီးအနေနဲ့ကတော့ Jin Ki-Jooပါ
ငယ်ဘဝသရုပ်အဆောင်အဖြစ် Nam Da-Reumနဲ့ Ryoo Han Bi ကသရုပ်ဆောင်ထားသည့်အပြင်Ruler ထဲကဗီလိန်ကြီး Heo Jun-Hoလည်း ပါဝင်ထားပါသေးတယ် ကြည့်ချင်သွားတယ်မလား

ဇာတ်လမ်းအကျဉ်း
---------------------------
နာမိုဆိုတဲ့ကောင်လေးဟာ နယ်မြို့လေးမှာ အမေ အဖေ အကို ညီမလေးနဲ့အတူနေထိုင်ပါတယ်
သူ့အဖေ ဟာ သာမာန်လူမဟုတ်ပဲ သေချာကျကျနနသတ်တတ်တဲ့ သွေးအေး စိတ္တဇလူသတ်သမားဖြစ်နေတာပါပဲ။ဒါပေမယ့်သားသမီးတွေကိုအသိမခံတဲ့ အဖေကောင်းတစ်ဦးပါ။
နာမည်ကြီးမင်းသမီးတယောက်နယ်မြို့လေးကို မိသားစုလိုက်ပြောင်းလာခဲ့တယ်။သူ့သမီး သူ့သား သူ့ယောကျာ်းနဲ့အတူပေါ့။ နတ်ဝန်းဆိုတဲ့သမီးနဲ့ မူဝန်းဆိုတဲ့သားလေး နတ်ဝန်း ဆိုတဲ့ကောင်မလေးနဲ့နာမို
ကျောင်းမှာမတော်တဆ ဆုံမိရာက ခင်မင်ရင်းနှီးလာခဲ့ကြတယ်။
ဖွင့်မပြောပေမယ့် အချစ်ဦးတွေပါ။ နာမို့အဖေ စိတ္တဇလူသတ်သမားက တောင်ပေါ်ကနာမည်ကြီးမင်းသမီးအိမ်ကို ဝင်သတ်ခဲ့တယ် နာမိုရဲ့ကယ်တင်မှုကြောင့် နတ်ဝန်းအသက်ရှင်ခဲ့ရပြီး နာမို့အဖေအဖမ်းခံခဲ့ရတယ်။ နှစ်အနည်းငယ်အကြာ နာမိုကအဖေဖြစ်သူကိုစိတ်နာပြီး
ရဲဝန်ထမ်းအလုပ်ကို ဝင်လုပ်ခဲ့တယ်။ နတ်ဝန်းကတော့ သူ့အမေဗီဇအတိုင်း မင်းသမီးလုပ်တယ်
နာမို့အဖေ ထောင်ကထွက်လာပြီး မသတ်လိုက်ရတဲ့ နတ်ဝန်းကို ထပ်မံသတ်ဖို့ကြိုးစားတဲ့အခါ...
နာမိုနောက်တစ်ကြိမ်ကယ်နိုင်ပါ့မလားဆိုတာတော့....
*Romance ,Crime dramaဖြစ်တာကြောင့်
ရင်တဖိုဖိုကြည့်ရမှာပါလို့ထပ်ညွှန်းပါရစေ*

0 comments:

Post a Comment