Children of a Lesser God (2018)

16 Episdoes

Rating : 8.3/10
Country : South Korean
Genre : Suspense,Mystery,Supernatural,Detective,Investigation
Cast : Kang Ji Hwan,Kim Ok Bin,Shim Hee Sub

ဒီကားလေး မထွက်ခင်ကတည်းက စောင့်ခဲ့မိတဲ့ကားလေးပါ
မှုခင်းဆိုရင် OCN ဆိုတဲ့ထုံးစံအတိုင်း OCN ကမှုခင်းကားဆို
တော်ရုံတန်ရုံတခြားလိုင်းကကားတွေလိုက်မမှီပါဘူး
အပိုင်း၁ မှာတင်လူပြောများခဲ့ပါတယ်
ဒါ့အပြင် ဒီကားကို Netflix ကoriginal ယူထားတဲ့အတွက်
ဇာတ်လမ်းမကောင်းမှာစိတ်ပူစရာမလိုပါဘူး
ဇာတ်လမ်းအကျဉ်း
ကင်ဒန်း ဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်းက
ထူးခြားအမြင်အာရုံရှိထားသူဖြစ်ပါတယ်
အရာဝတ္ထုတွေထိကိုင်ရုံလေးနဲ့သေဆုံးခြင်းတွေကို
မြင်နိုင်တဲ့သူဖြစ်ပါတယ် ဒါ့ကြောင့်သူ့ကို
ကံဆိုးမ ဝမ်းတွင်းစုန်း မကောင်းတဲ့ကံယူဆောင်လာသူလို့
ပြောဆိုကြလို့ တစ်နေရာပြီးပြောင်းရွေ့နေခဲ့ရတယ်
သူ့စွမ်းအားနဲ့လူတွေကိုကယ်ဖို့ ရဲဝန်ထမ်းလုပ်ခဲ့ပေမယ့်
အမြဲတမ်းနောက်ကျမှုကြောင့် မကယ်တင်နိုင်ပဲဖြစ်နေခဲ့တယ်

ချွန်းဂျေအင်း ဉာဏ်ရည် ၁၆၇ ရှိပြီး
ထူးချွန်တဲ့စုံစမ်းရေးမှူ းအရာရာကို မှန်းဆနိုင်သူ
ခက်ခဲတဲ့အမှုတွေကိုပင် လွယ်လွယ်လေးဖြေရှင်းနိုင်ပြီး
ကိုယ့်ကို ကိုယ်အထင်ကြီးပြီး ဆရာလုပ်ချင်သူ

ကွင်းဆက်လူသတ်မှုတစ်ခုမှာ အမှတ်မထင်တွေ့ဆုံ ခဲ့ပြီး
အလုပ်လုပ်အတူတူလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့.?

0 comments:

Post a Comment