Cheese In The Trap (2016)

16 Episdoes

Rating : 7.8/10
Country : South Korean
Genre :Friendship,Romance,Life,Drama
Cast : Kim Go Eun,Park Hae Jin,Seo Kang Joon,Lee Sung Kyung,Nam Joo Hyuk

(My love from another star,Man to Man,Doctor Stranger,Bad guys)တို့မှာ ပါဝင်ထားတဲ့
မင်းသား Park Hae Jin , Goblin dramaရဲ့ မင်းသမီး, စက်ရုပ်နမ်ရှင်း , အလေးမမယ်လေး kim bok jooကားက မင်းသားနဲ့မင်းသမီးတို့ကိုတစုတစည်းထဲမြင်ရမဲ့ drama❤

ဇာတ်လမ်းအကျဉ်းလေးကတော့....

ကျူရှင်စရိတ်တွေ ၊ နေထိုင်စရိတ်တွေကြောင့် အချိန်ပိုင်းအလုပ်တွေနဲ့ အမြဲမအားလပ်နေတဲ့ သာမာန်တက္ကသိုလ်ကျောင်းသူလေး ဟုန်းဆော အရာရာကိုဝင်ကူညီတတ်ပြီး အားနာတတ်သူလေး

ချမ်းသာတဲ့မိသားစုက ဆင်းသက်လာပြီး ရုပ်ရည်ချောမော ကျောင်းတွင်အရမ်းနာမည်ကြီးပြီး တစ်ခြားသူတွေအပေါ် အများရှေ့ရည်ရည်မွန်မွန်ဖော်ရွေတဲ့သူတစ်ယောက်အဖြစ်ဆက်ဆံတတ်ပေမဲ့ အရာရာကိုလက်တုံ့ပြန်တတ်ပြီး ရက်စက်တဲ့အကျင့်ကိုဖုံးကွယ်ထားတဲ့ စီနီယာ ယူဂျောင်း

ယူဂျောင်းတို့မိသားစုက ကျွေးမွေးစောင့်ရှောက်ထားပြီး ယူဂျောင်းနဲ့အတူ ကြီးပြင်းလာခဲ့ကြတဲ့ ဘဲ့အင်ဟို နဲ့ ဘဲ့အင်ဟာ
ဘဲ့အင်ဟိုကတော့ စိတ်ထားနူးညံ့ပြီး လွတ်လွတ်လပ်လပ်နေတတ်သူ ဘဲ့အင်ဟာကတော့ ငွေသာလျှင်အဓိကလူမျိုး

ဟုန်းစောရဲ့ အချစ်ဆုံးသူငယ်ချင်း ဆတ်ဆတ်ကျဲမလေး ဘိုရာနဲ့ ဘိုရာ့ကို ကျိတ်သဘောကျနေပြီး ဟုန်းဆောနဲ့ဘိုရာ့နားမှာပဲ တပူးတတွဲတွဲရှိနေတတ်တဲ့ကောင်လေး အွန်တက်

တခြားသူတွေနဲ့ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိနေတတ်တဲ့ ယူဂျောင်းကိုမြင်ရတိုင်း ယူဂျောင်းမှာဖုံးကွယ်ထားတဲ့ တစ်ခြားစိတ်နေစိတ်ထားတွေ ပုံပန်းသဏ္ဍာန်တွေ
ရှိမယ်လို့ထင်နေပြီး အဆင်မပြေမသက်မသာခံစားမိပြီး ယူဂျောင်းနဲ့အမြဲအဆက်မပြေဖြစ်နေတဲ့ ဟုန်းဆောတျောက် မထင်မှတ်ဘဲ နောက်စာသင်နှစ်ဝက်မှာ ယူဂျောင်းရဲ့ ဂရုစိုက်မှုတွေခံရပြီး တွဲဖို့ ကမ်းလှမ်းခံရတဲ့နောက်. . .

ယူဂျောင်းရဲ့ ဟုန်းစောအပေါ်ရုတ်တရက်ပြောင်းလဲသွားတဲ့သဘောထားကဘာလို့လဲ?

သူတို့နှစ်ဦး တွဲဖြစ်သွားကြမလား?

အရင်ကအရမ်းခင်ကြတဲ့ ယူဂျောင်းနဲ့ ဘဲ့မောင်နှမ ဆက်ဆံရေးအေးစက် သွားရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ?

ယူဂျောင်းကရော ဘာလို့ အများရှေ့ဆို ဖော်ရွေတတ်ပြီး နောက်ကွယ်မှာ အရာရာကိုလက်တုံ့ပြန်တတ်တာလဲ? အရာရာပြည့်စုံကြွယ်ဝတဲ့သူ့ကို ဘယ်အကြောင်းအရင်းတွေကအာ့လိုဖြစ်လာစေတာလဲ?
ကျောင်းတွင်းမှာ တွေ့ကြုံခဲ့ရသမျှ အလုပ်ခွင်ဝင်တဲ့အခါ ပြန်လည်အထောက်အကူဖြစ်ပုံတွေ ကျောင်းဟာ သင်ခန်းစာတွေတင်မကဘဲ လူတွေရဲ့ အကျင့်စရိုက်တွေ လူအမျိ ုး မျိ ုး စိတ်အမျိ ုးမျိ ု းတွေ နောင်တွေ့ကြုံရမဲ့ပြသနာတွေကိုဖြေရှင်းနိုင်မဲ့နည်းလမ်းတွေကိုပါ လေ့လာသိရှိနိုင်တဲ့ နေရာတစ်ခုဖြစ်ကြောင်းကို သေချာရိုက်ပြသွားတဲ့ ကြည့်လို့အရမ်းကောင်းတဲ့ dramaဇာတ်ကားကောင်းတစ်ကားပါ။

0 comments:

Post a Comment