Captain America: Civil War (2016)

Rating : 7.8/10
Country : United State
Genre :  Action, Adventure, ,Sci-Fi
Cast : Robert Downey Jr., Sebastian Stan, Chris Evans, Scarlett Johansson
Released Date : 2016
Duration : 2h 27min

StorylineAvengers တွေရဲ့ စစ်ဆင်ရေးတွေမှာ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူတွေသေကြေတာတွေ ရှိနေတဲ့အတွက် Superhero တွေရဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ ဖိအားတွေများလာပါတယ်။ Iron Man ကတော့ သူတို့လုပ်ရပ်တွေကို တာဝန်ယူသင့်လို့ ထိန်းချုပ်မှုရှိသင့်တယ်လို့ မြင်ပြီး Captain America ကတော့ Superhero တွေက လူတွေကိုပိုမိုစောင့်ရှောက်နိုင်ဖို့ လွတ်လပ်ခွင့်ရှိသင့်တယ်လို့မြင်ပါတယ်။ ဒီလိုနဲ့ပဲ နှစ်ယောက်သားဦးဆောင်တဲ့ Superhero တွေဘက်ကွဲပြီး ကြားမှာ တင်းမာမှုတွေများလာတဲ့ကြားထဲ အနှောင့်အယှက်တွေလည်း ရှိလာတဲ့အခါ Civil War ဆီကိုဦးတည်လာပါတော့တယ်။

Reviewအရင်ဆုံးပြောပြချင်တာကတော့ ကျွန်တော် MCU ရုပ်ရှင်ကားတွေ တော်တော်များများကို အားမရပါဘူး။ Avengers ဆိုလည်း နှစ်ကားလုံး အားမရပါဘူး။ Villain တွေကို နှိမ်ပြီး hero တွေကိုအသားပေးများလို့ပါ။ သဘောကျတာ Iron Man 1 နဲ့ Captain America: Winter Soldier တို့ပဲရှိပါတယ်။ Guardians of the Galaxy ကိုလည်း သဘောကျတယ်။ အခု Civil War ဟာလည်း Winter Soldier ကိုရိုက်ခဲ့သူတွေဖြစ်တဲ့ Russo ညီအစ်ကိုနှစ်ယောက်လက်ရာမို့ တော်တော်လေးမျှော်မိခဲ့ပါတယ်။ မျှော်ရကျိုးနပ်တယ်လို့ ပြောရမှာပဲ။Marvel ကားတွေထုံးစံအတိုင်း presentation မှာတော့ ကြည့်တဲ့လူကို မပျင်းအောင် လုပ်နိုင်ဆဲပါ။ ဒါပေမဲ့ Civil War ကတော့ Toilet ထ မသွားနိုင်လောက်အောင် ဆွဲဆောင်နိုင်တယ်။ Fight Scene တွေ၊ စကားပြောခန်းတွေဆိုတာ အပိုအလိုမရှိပါဘူး။ တချို့အတွက်တော့ fight scene တွေများလွန်းတယ်လို့ ထင်ကြမှာပါ။ သို့ပေမဲ့ Civil War ဆိုတာကြီးလုပ်မှတော့ ဒီလေက်တော့ fight ရမယ်လို့မြင်မိပါတယ်။ Character တွေကြားက ဆက်ဆံရေးတွေ သူတို့ကြားက chemistry ကိုလည်း ဟာသနှောတဲ့အခါနှော၊ serious လုပ်တဲ့အခါလုပ်နဲ့ ပြနိုင်တယ်။ Black Panther တို့ Spiderman တို့ဆို ခုမှ ရုပ်ရှင်မှာ မိတ်ဆက်တဲ့ character တွေဖြစ်ပေမဲ့ သူတို့ personality တွေ၊ skill တွေကို ပြသွားနိုင်တယ်။ ပြီးတော့ Black Panther နဲ့ Spiderman ကထင်ထားတာထက်ပိုပြီးဇာတ်ကားထဲမှာ မြင်တွေ့ရတဲ့အတွက်ကြောင့် Spiderman နဲ့ Black Panther ကိုကြည့်ချင်ကြတဲ့ပိတ်သတ်တွေအတွက် အားရကျေနပ်မိမှာအမှန်ပဲ။ Visual ပိုင်းမှာတော့ MCU ကားတွေလိုပါပဲ။ အင်မတန် ကြည့်ကောင်းတယ်ပေါ့။ ဒါပေမဲ့ တခါတစ်လေ ဇာတ်ကောင်အချို့က ဆွဲထားမှန်းသိသာတယ်။ နည်းနည်းပါ။Visual ပိုင်းမှာတော့ MCU ကားတွေလိုပါပဲ။ အင်မတန် ကြည့်ကောင်းတယ်ပေါ့။ ဒါပေမဲ့ တခါတစ်လေ ဇာတ်ကောင်အချို့က ဆွဲထားမှန်းသိသာတယ်။ နည်းနည်းပါ။ Trailer ကြည့်တုန်းက Spiderman Suit ကိုသိပ်သဘောမကျခဲ့ပေမဲ့ အခုဇာတ်ကားထဲမှာကြည့်ရတဲ့အခါမှာ ဒီ Spiderman Suit ကိုတော်တော်သဘောကျတာအမှန်ပါပဲ။Plot ဘက်မှာ civil war ဟာ comic ကိုအခြေခံတယ်ဆိုပေမဲ့ comic နဲ့ လုံးဝမတူပါဘူး။ ရုပ်ရှင်ကတော့ ခုခေတ်နဲ့လိုက်အောင် လုပ်ပေးထားတယ်။ ဆိုတော့ comic adaptation စစ်လိုချင်တဲ့လူတွေအတွက်တော့ အဆင်မပြေဘူးထင်တယ်။ သို့ပေမဲ့ သဘာဝကျတဲ့အတွက် ထင်ထားတာထက်ကြည့်လို့ကောင်းပါတယ်။ Zemo ရဲ့ Plan တွေ နဲ့ ဇာတ်လမ်းရဲ့ plot လေးတွေက တော်တော်အထာကျပေမဲ့ တချို့ဟာလေးတွေကတော့ မှန်းလို့ရနေတယ်။ တချို့အခန်းတွေမှာလည်း လိုနေတာလေးတွေ ဟာနေတာလေးတွေ နည်းနည်းရှိတယ်။ တချို့အတွက်တော့ ဇာတ်သိမ်းက သိပ်အားမရလောက်ဘူးထင်တယ်။ နောက်တစ်ခု သိပ်မကြိုက်တာက ရုပ်ရှင်ထဲက sponsor ပေးထားတဲ့ ပစ္စည်းပါ။ Brand နဲ့မဆိုင်ပါဘူး။ သို့ပေမဲ့ ကျွန်တော့်အမြင်ကတော့ Tony Stark လိုမျိုး အရမ်းရမ်းကို တိုးတက်အောင်မြင်တဲ့ Tech Genius ကြီးက တခြား brand ကိုင်တယ်ဆိုတော့ တမျိုးကြီးလိုပဲ။

သရုပ်ဆောင်တာကတော့ ကောင်းမကောင်း ပြောစရာလိုမနေတာက RDJ ပါ။ နောက် Russo တို့က Captain ကိုအရင်ကားတွေထက် ခပ်ထက်ပြီး ရင့်ကျက်တဲ့စစ်သားကြီးပုံလိုမျိုးဖြစ်အောင် နည်းနည်းပိုလုပ်ထားတယ်။ မျက်နှာအမူအရာ၊ အနေအထိုင်တွေကိုပေါ့။ Boseman ကလည်း Panther နဲ့လိုက်ပါတယ်။ Tom Holland ကလည်းတော်တော်လေးမိုက်တယ်ဗျ Spidey နဲ့။ Home Coming ကျတော်တော်ကြည့်ကောင်းဦးမယ်ထင့်။ နောက် Superhero တွေရဲ့ power ကို comic book လောက်နီးနီးလုပ်ပေးထား မြင့်ပေးထားနိုင်တာ တော်တော်သဘောကျပါတယ်။ချုပ်ပြောရရင် Civil War ဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံး MCU ကားပါ။ Russo တို့နှစ်ယောက် လက်ရာက တစ်ကားလုံး မပျင်းရအောင် ဖျော်ဖြေပေးနိုင်တဲ့အပြင် များသလောက် ကြည့်ကောင်းတဲ့ ကြမ်းလှပါပေမဲ့ action ခန်းတွေကလည်း ဇာတ်ကောင်တွေများလို့ မနိုင်မထင်ပါနဲ့။ တော်တော်များများကို ကြိုးစားပြီး Balance လုပ်ပေးထားပါတယ်။ Avengers ကားတွေမှာဆို Iron Man လောက်ပဲ အဓိကပြပြီး ကျန်တဲ့ hero တွေက မပေါ်ပါဘူး။ နောက် ဒီအတိုင်း တွေ့တာနဲ့ ဗြင်းနေကြတာမျိုးမဟုတ်ဘဲ ကိုယ့် special ability နဲ့ လိုက်အောင် နည်းအမျိုးမျိုး trick အမျိုးမျိုးသုံးပြီး fight တာကလည်း ပျော်ဖို့လည်းကောင်းတယ်။ နောက် တော်တော်များများပြောသလိုပဲ ဒီကားက Captain America တစ်ယောက်တည်းကို ပြထားတာမဟုတ်ဘဲ Avengers တွေကိုပါ သေချာပြထားတဲ့ကားပါ။

0 comments:

Post a Comment