Broken (2014)

Rating : 6.8/10
Country : Korea
Genre : Action, Drama, Thriller 
Cast : Jae-yeong Jeong, Sung-min Lee
Released Date : 2014
Duration : 2h 2min 

ဒီကားလေးကတော့ Broken ဆိုတဲ့ နာမည်အတိုင်းလေးပဲ ကြေကြေကွဲကွဲနဲ့မျက်ရည်လည်စေမယ့် ဇာတ်ကား
မျိုးလေးပါပဲ။ Romance Scene တွေထွေထွေထူးထူးပါတာမျိုး မဟုတ်ပဲ ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်လို့မိသားစုနဲ့အတူတကွကြည့်လို့လည်း သင့်တော့ပါတယ်။ ဇာတ်လမ်း အကြမ်းဖျဥ◌်းလေးပြောပြရရင် ပြိုကွဲနေတဲ့မိသားစုလေးတစ်ခုမှာ လီမျိုးနွယ် သားအဖနှစ်ယောက်တည်း ဘဝကိုခက်ခဲရုန်းကန်နေရချိန် ကြေကွဲစရာကိစ္စကအပူဆင့်သလိုဖြစ်လာတော့တာပါပဲ။ အလယ်တန်းကျောင်းသူအဖြစ်ပဲရှိသေးတဲ့ သမီးဖြစ်သူ ဆူဂျင်းက အိမ်အပြန်မှာ တစ်ကျောင်းတည်းနေ ကျောင်းသားတွေရဲ့ ပြန်ပေးဆွဲအဓမ္မကျင့်ခြင်းကိုခံလိုက်ရပါတော့တယ်။ အဲ့ဒါကိုမှ ဖခင်ဖြစ်သူက ပြန်လည်လက်စားချေတဲ့ဇာတ်လမ်းလေးပါပဲ . ဒါပေမယ့် ဇာတ်လမ်းမှာ မြုပ်ကွက်တွေလေးတွေလည်းထည့်ထားပြီး စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ်ဆိုတာလေးတော့ အာမခံပါတယ်။

0 comments:

Post a Comment