Bride of water God (2017)

16 Episdoes

Rating : 7.3/10
Country : South Korean
Genre : Comedy,Romance,Fantasy
Cast : Nam Joo Hyuk,Shin Se Kyung,Krystal,Im Joo Hwan,Gong Myung

So Ah ဆိုတဲ့ဆရာဝန်မလေးက ကောင်းကင်ဘုံကနေလူ့ပြည်ကိုဆင်းသက်လာတဲ့ Ha Baek ဆိုတဲ့ရေနတ်ဘုရားလေးကို ပေးဆပ် (ယဇ်ပူဇော်) ခံရပြီး Ha Baek ရဲ့ အလုပ်အကျွေးပြုရသူ (ကျွန်) ဖြစ်လာရင်း သူတို့နှစ်ဦးကြားက အချစ်ဇာတ်လမ်းကို Bride of the Water God ဇာတ်လမ်းလေးမှာ ဖေါ်ကြူးပြသသွားမှာဖြစ်ပါတယ်။ ☺

Joo Hyuk ရဲ့ ဇာတ်ရုပ် Ha Baek- “သူဟာ သွေးအေးတယ်၊ စတိုင်ကျတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုး”

Shin Se Kyung ရဲ့ဇာတ်ရုပ် – “So Ah ဟာ ဆေးရုံတစ်ရုံရဲ့ အာရုံကြောနှင့်စိတ်ပိုင်းဆိုင်ရာဌာနရဲ့ အကြီးအကဲတစ်ေယာက်ဖြစ်ပြီး ကိုယ်တိုင်လည်း trauma ရထားတဲ့သူတစ်ယောက်.. နတ်ဘုရားဖြစ်တဲ့ Ha Baek နဲ့ချစ်ကြိုးသွယ်တဲ့လူသားမိန်းကလေးအဖြစ်သရုပ်ဆောင်သွားမှာပါ။

Lim Ju Hwan ကတော့ Hoo Ye ဆိုတဲ့ ကြင်နာတတ်ပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖုံးလွှမ်းနေတဲ့လုပ်ငန်းရှင် တစ်ယောက် Ha Baek ရဲ့အဓိကပြိုင်ဘက်တစ်ယောက်ပေါ့ သူက So Ah နဲ့ အစမှာ အဆင်မပြေတာလေးတွေရှိခဲ့ပြီး နောက်မှာ So-Ah ကို ချစ်မိသွားသူပါ ❤

Krystal ကတော့ Hye-ra ဆိုတဲ့လူသားအနေနဲ့ လူ့ပြည် မှာနှစ်ပေါင်းရာကျော်နေထိုင်နေတဲ့ ရေထုကိုသန့်စင်အောင်စောင့်ရှောက်တဲ့နတ်ဘုရားမလေးပေါ့ ခုခေတ်မှာတော့ သူမရဲ့အလှတရားတွေကြောင့် နာမည်ကျော်မင်းသမီးအနေနဲ့ရပ်တည်နေသူပါ ☺ Hye-ra က Ha Baek ကိုတဖက်သတ်ချစ်နေတဲ့အတွက် So Ah ကိုကြည့်မရနေတဲ့သူပေါ့။

Gong Myung ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရား Bi Ryum အဖြစ်သရုပ်ဆောင်ပြီး Hye-ra က Ha Baek မှ Ha Baek ဆိုတာသိနေတာတောင်မှ Hye-ra ကိုစွဲလမ်းနေသူဖြစ်ပါတယ်

0 comments:

Post a Comment