Bong Soon (2016)

12 Episdoes

Rating : 7.1/10
Country : South Korean
Genre : Romance,Drama,Sci-Fi
Cast : Cho Kyu Hyun,Yoon So Hee

Super Juniorအဖွဲ့ဝင် Kyuhyunပါဝင်သရုပ်ဆောင်ထားတဲ့ Web dramaလေးကို တင်ဆက်ပေးမယ်နော်။
Queen of Ring seriesထဲမှာ ဂန်မီဂျူအဖြစ်သရုပ်ဆောင်ထားတဲ့ Yoon So Heeက ဒီဇာတ်လမ်းလေးထဲမှာ စက်ရုပ်မလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်။
လူသားနဲ့စက်ရုပ်မလေးတို့ရဲ့ချစ်ဇာတ်လမ်းလေးကို ကြည့်ရှုခံစားကြပါဦးနော်။

BS Electronics အတွက် ကွန်ပျူတာပညာရှင် ဂင်ဂျူဆောင်က အိုဘုံဆွန်းဆိုတဲ့ စက်ရုပ်မလေးကို တီထွင်ခဲ့ပါတယ်။ လူသားတွေမှာ အထီးကျန်မှုတွေမရှိတော့အောင် လုပ်ပေးနိုင်ဖို့ ဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။ အစစအရာရာ softwareနဲ့ထိန်းချုပ်ထားခဲ့ ပေမယ့် စက်ရုပ်မလေးရဲ့စိတ်ခံစားချက်ကိုတော့ ဂင်ဂျူဆောင် ထိန်းချုပ်လို့မရခဲ့ပါဘူး။ စက်ရုပ်မလေးကတော့ သူ့ကိုယ်သူ လူသားအစစ်လို့ထင်နေခဲ့တာပါ။ လူသားတစ်ယောက်လို သွားလာနေထိုင်စားသောက်နေတဲ့ချစ်စရာ စက်ရုပ်မလေးကို ဂင်ဂျူဆောင်တစ်ယောက် ချစ်မိသွားသလို စက်ရုပ်မလေးကလည်း ဂင်ဂျူဆောင်းအပေါ် ချစ်စိတ်တွေ ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လူသားနဲ့ စက်ရုပ်ဖြစ်နေလေတော့ သူတို့ရဲ့ချစ်ခြင်းတရားက တည်တံ့နိုင်ပါ့မလား။ မဖြစ်နိုင်မှန်း သိပေမယ့်လည်း စက်ရုပ်မလေးကို မစွန့်လွှတ်နိုင်တဲ့ဂင်ဂျူဆောင်တစ်ယောက် ဘယ်လိုတွေတွေ့ကြုံခံစားရမှာလဲ။ ဂင်ဂျူဆောင်ရဲ့ချစ်သူ ပြန်ပေါ်လာတဲ့အခါမှာရော စက်ရုပ်မလေးနဲ့ ချစ်သူဟောင်းအပေါ် ဘယ်သူ့ကို ဂင်ဂျူဆောင်ရွေးချယ်မှာလဲ ဆိုတာ

0 comments:

Post a Comment