Rating : 7.3/10
Country : United State
Genre : Action, Adventure, , Sci-Fi
Cast : Chadwick Boseman, Michael B. Jordan, Lupita Nyong'o
Released Date : 2018
Duration : 2h 14min
Country : United State
Genre : Action, Adventure, , Sci-Fi
Cast : Chadwick Boseman, Michael B. Jordan, Lupita Nyong'o
Released Date : 2018
Duration : 2h 14min
ဆိုတော့ ဇာတ်လမ်းပိုင်းကို ပြန်ပြောရအောင်။ ဇာတ်လမ်းက အရမ်းကြီးဆန်းသစ်နေတာမျိုးတော့မဟုတ်ပါဘူး။ Trailer လေးကြည့်ထားပြီး ၁၅ မိနစ်လောက် ဇာတ်လမ်းကြည့်လိုက်တာနဲ့ မှန်းကြည့်လို့ရပါတယ်။ ဒါပေမဲ့ တခြား superhero ကားတွေနဲ့ နည်းနည်းကွဲသွားမှာက ဒီမှာ ဇာတ်လိုက်က သာမန် ဘီလီယံနာ သူဌေးကြီးမဟုတ်၊ power လေးရှိနေတဲ့ ကျောင်းသားလေးမဟုတ်ပါဘူး။ ကမ္ဘာ့အတိုးတက်ဆုံးနဲ့ အင်အားအကြီးဆုံးလို့ ပြောနိုင်တဲ့ တိုင်းပြည်ကြီးရဲ့ ဘုရင်ဖြစ်နေတဲ့အတွက် politic တွေပါမယ်၊ လုပ်ရပ်တစ်ခုကြောင့် တစ်ကမ္ဘာလုံးကိုသက်ရောက်စေနိုင်တဲ့အတွက် ဖြစ်နေတဲ့ သူ့ရဲ့ စိန်ခေါ်မှုတွေပါမယ်။ ကိုယ့်ပြည်သူကိုပဲကြည့်ရမလား၊ တစ်ကမ္ဘာလုံးနဲ့ချီပြီးကြည့်ရမလား စတဲ့ ဒွိဟတွေ ပါမယ်။ နောက်ရုပ်ရှင်ရဲ့ အဓိကချပြသွားတဲ့ topic ကလည်း တကယ်တွေးနိုင်စရာတစ်ခုပါ။ Spoiler ဖြစ်မှာစိုးလို့ မပြောတော့ပါဘူး။ ဒါတွေကို ပျင်းစရာမရှိဘဲ တစ်ကားလုံး ကောင်းကောင်းတင်ဆက်သွားနိုင်ခဲ့တယ်။ ပျင်းစရာ မကောင်းဘူးဆိုလို့ Thor: Ragnarok လောက်ကြီး comedy ဖြစ်လောက်အောင် ဟာသတွေ မပါပါဘူး။ တစ်ချက်တစ်ချက်နဲ့ သဘာဝကျတာလောက်ပဲ ပါပါတယ်။Villain ပိုင်းကိုလည်း သဘောကျတယ်။ နောက်ပိုင်း Super villain တွေက ဟိုးအရင်ကလို Death and destruction ဆိုပြီး အကုန်သတ်မယ်၊ ဖြတ်မယ် ဆိုတဲ့ တစ်ဖက်သက် villain တွေထက် စိတ်ဝင်စားစရာကောင်းပြီး deep ဖြစ်တဲ့ villain တွေပိုတွေ့လာရတယ်။ ဒီက Golden Jaguar (Killmonger) ဆိုလည်း ဒီလိုပဲ။ မင်းသား Michael B. Jordan လည်း သူပါခဲ့ပြီး မပေါက်ခဲ့တဲ့ Fantastic Four ရုပ်ရှင်ကို ဒီကားနဲ့ ပြန်ဆယ်လိုက်နိုင်တယ်လို့ ပြောရမှာပါ။ တခြားသရုပ်ဆောင်တွေဆိုလည်း Chadwick Boseman, Daniel Kaluuya, Martin Freeman, Danai Gurira တို့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တယ်။ (သို့ပေမဲ့ Andy Serkis ကြီးကိုတော့ အကြိုက်ဆုံးပဲ။ အဲဘဲကြီးလည်း ကြာလေ မျောက်နဲ့ တူလာလေပဲ)။တင်ဆက်မှုပိုင်းမှာ တစ်ကားလုံး တော်တော်ကြီးကောင်းပေမဲ့ နောက်ဆုံး third act ကတော့ နည်းနည်းလေး အားနည်းတယ်လို့ မြင်မိတယ်။ တစ်ကားလုံးပျိုးလာတာ၊ T’Challa စိန်ခေါ်မှုနဲ့ အကျပ်အတည်းတွေတွေ့လာတာတွေကို တစ်ကားလုံး အကောင်းဆုံး ဆွဲခေါ်လာနိုင်သလောက် နောက်ဆုံး ဇာတ်သိမ်းမှာတော့ နည်းနည်းလေးပေါ့သွားသလိုဖြစ်တယ်။ ဒီထက်နည်းနည်းလေး dark ဖြစ်ပြီး ပိုကြမ်းပြနိုင်ရင်ကောင်းမယ်။ ဒါပေမဲ့လည်း ဒါဟာ ကိုယ်လောဘကြီးတာလည်းဖြစ်နိုင်ပါတယ်။ ဒါက Black Panther ရဲ့ ပထမဆုံး Solo film ဖြစ်နေတော့ ဒီလောက်ကောင်းတာပဲ တော်တော်မိုက်နေပါပြီ။ ဥပမာ Black Panther ရဲ့ အမျိုးသမီး body guard တွေဖြစ်တဲ့ Dora Milaje ဆိုလည်း Thor အရင်ကားတွေက Asgardian စစ်သည်တွေလို သံချပ်ကာကြီးတွေဝတ်ပြီး စတိုင်ကျသလောက် အသုံးမကျတဲ့ကောင်တွေမဟုတ်ဘဲ skill ရှယ်ပြသွားနိုင်တာကိုလည်း အမှတ်ပေးရမှာပါ။Black Panther ဟာ အကောင်းဆုံး Superhero ကားတွေထဲကတစ်ကားပါသွားပြန်ပါပြီ။ (ကျွန်တော့်အတွက်တော့ Best Superhero movie မဟုတ်သေးပါဘူး)။ ကြည့်ရကျိုးနပ်ပြီး တကယ့် entertaining ဖြစ်တဲ့ ကားတစ်ကားပါ။ တကယ်လို့ ဖြစ်နိုင်ရင် trailer တောင်မကြည့်ဘဲ သွားကြည့်ရင်ပိုကောင်းပါမယ်။ Spoiler တွေမပါပေမဲ့ Wakanda ကို ရုပ်ရှင်နဲ့ explore လုပ်တာ အများကြီးပိုကောင်းမှာပါ။

0 comments:
Post a Comment