Bing Goo (2017)

2 Episdoes

Rating : 8.0/10
Country : South Korean
Genre : Romance,Sci-Fi
Cast : Kim Jung Hyun,Han Sun Hwa

ခုလက်ရှိထက် ၃၇ နှစ် ရှေ့ကျော်ပြီး အချိန်ခရီးရောက်သွားမယ်ဆိုရင် ဘယ်လိုဖြစ်နေမလဲ

အများကြီး တိုးတက်နေမလား အဲအချိန်မှာ ကိုယ်ကကော အဖိုးတန် ရှေးဟောင်း ပစ္စည်းများဖြစ်နေမလား

ကိုယ့်သူငယ်ချင်း အပေါင်းအပါ ဆရာသမားတွေကကော ကိုယ့်ကို မှတ်မိပါ့မလား

အရင် အချိန်က ကိုယ်ချစ်ရတဲ့သူကကော အသက်အရွယ် ကြီးရင့်နေပြီလား

အနာဂတ်ရဲ့ တိုးတက်မှုကိုကော လိုက်မှီနိုင်ပါ့မလား

Binggoo ဆိုတာကတော့ ကိုးရီးယား စကားလုံးဖြစ်ပြီး ရေခဲတုံး ရေခဲအပုံ လို့ အဓိပ္ပာယ်ရပါတယ်

၁၉၇၉ ခုနှစ်မှာ ဂိုမန်းဆူ ဆိုတဲ့ ပန်းချီဆေးရေး ဆရာ တစ်ယောက် ရှိတယ်

သူ့မှာ ယူရှင်းယောင်းလို့ခေါ်တဲ့ အချစ်ဦး ကောင်မလေး တစ်ယောက် ရှိတာပေါ့

ယူရှင်းယောင်းက ကျန်းမာရေး သိပ်မကောင်းရှာဘူူး

ဂိုမန်းဆူ က ယူရှင်းယောင်းကို ပရိုပို့စ် လုပ်တဲ့ဆောင်းရာသီ ညတစ်ညမှာပဲ ယူရှင်းယောင်းက မူးလဲပြီး အရေးပေါ် ဆေးရုံတင်ဖို့ ကားနဲ့ အထွက်မှာ ဂိုမန်းဆူက နောက်ကနေ အတင်းပြေးလိုက်ရင်း အမောဆို့ပြီး လဲကျသွားတဲ့အခါမှာ

ဂိုမန်းဆူရဲ့ တကိုယ်လုံး ကျောက်ရုပ်လ်ို ဖြစ်ပြီး ရေခဲသွားပါတော့တယ်

သူ့ရဲ့နောက်ဆုံးချိန်မှာ ချစ်ရတဲ့သူကို ကာကွယ်ပေးချင်ခဲ့တဲ့ ဆုတောင်းတစ်ခုကြောင့် ယူရှင်းယောင်းကတော့ အသက်မသေဘဲ ပြန်လည် သက်သာလာခဲ့ရပါတယ်

အဲလိုနဲ့ ၃၇ နှစ်ကြာပြီးတဲ့ နောက်မှာတော့ ဂိုမန်းဆူက ပြန်လည် နိုးထလာခဲ့ပါတယ်

အရာအားလုံးက ပြောင်းလဲသွားခဲ့ပေမယ့် ဂိုမန်းဆူကတော့ ၁၉၇၉ ခုနှစ်ကအတိုင်း အသက်အရွယ်ကြီးရင့် မသွားခဲ့ပါဘူး

ဂိုမန်းဆူ ပြန်လည် နိုးထလာတဲ့ အချိန်မှာတော့ ဂျန်းဟာဒါဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်

ဂျန်းဟာဒါရဲ့ အကူအညီနဲ့ ချစ်ရသူကို ရှာတွေ့နိုင်မလား

ဂျန်းဟာဒါနဲ့က ကော ဘာကြောင့် ဆုံစည်းရတာလဲ

ယူရှင်းယောင်းနဲ့ကော ပြန်ဆုံနိုင်ပါ့မလား

၃၇ နှစ်ကြာသွားပြီဆိုတော့ သူတို့နှစ်ယောက် စုံဆည်းဖို့က ဖြစ်နိုင်ပါဦးမလား ဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှုစားကြည့်လိုက်ကြပါ

ဂိုမန်းဆူ အဖြစ်သရုပ်ဆောင်ထားသူကတော့ School 2017 , waikiki ကားတို့နဲ့ လူသိများလာတဲ့ Kim Jung Hyun ပဲဖြစ်ပါတယ်

ယူရှင်းယောင်းအနေနဲ့ကတော့ Cha Joo Young က သရုပ်ဆောင်ထားပါတယ်

ဂျန်းဟာဒါ အနေနဲ့ကတော့ Han Sunhwa က ပါဝင်ထားပါတယ်

Ratingမှာလည်း Mydramalist 8/10,IMDb 6.3/10ထိရရှိထားပါတယ်

0 comments:

Post a Comment