Big (2012)

16 Episdoes

Rating : 7.1/10
Country : South Korean
Genre : Comedy,Romance,Youth,Supernatural
Cast : Gong  Yoo,Lee Min Jung,Shin Won Ho,Bae Suzy

၂၀၁၂ ခုနှစ်ထွက် Big ဆိုတဲ့ comedy drama စီးရီးလေးမှာ Coffee Prince, Goblin, Train to Busan ဇာတ်ကားတွေနဲ့ ချိမတို့အသည်းနှလုံးကို လှုပ်ကိုင်ဖမ်းစားခဲ့သူ ဦးဦး Gong Yoo ကို character ပုံစံနှစ်မျိုး မြင်တွေ့ရမှာပါ။

တည်ငြိမ်ရင့်ကျက်ပြီးသား ဆရာ၀န်ဦးဦးနဲ့ အော်တာရှပ် ဘောင်းဘီကွာတားလေး၀တ်ပြီး ဖလန်းဖလန်းထနေတဲ့ ဦးဦး ဒီဇိုင်းတစ်မျိုးစီ ချေ့ဖို့ကောင်းတယ်ဆိုတာ အဟုတ်ယုံလိုက်ပါနော် ။

ဇာတ်လမ်းအကျဉ်းကတော့
အထက်တန်းပြစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ ဆရာမဂီဒါရန်ဟာ စိတ်ထား၊ ပညာ၊ ရုပ်ရည်၊ ဥစ္စာဓန အဘက်ဘက်ကပြီးပြည့်စုံသူ ဒေါက်တာဆောယွန်းဂျယ်နဲ့ အမှတ်မထင်ဖူးစာဆုံပြီး ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။

အညတရကျောင်းဆရာမလေး ဒါရန်အတွက် နတ်သမီးပုံပြင်ထဲကလို ကြည်နူးပျော်ရွှင်စရာကောင်းခဲ့ပေမယ့် လက်ထပ်ပွဲနီးခါမှ ယွန်းဂျယ်ရဲ့အမူအရာတွေ သိသိသာသာပြောင်းလာတာကို သတိထားမိခဲ့ပါတယ်။

အဲဒီ့အတောအတွင်း ဒါရန့်ဘ၀ထဲ၀င်လာတာကတော့ အမေရိကကနေပြောင်းလာတဲ့ အထက်တန်းကျောင်းသားလေး ဂျောင်ဂျွန်းပါ။ ဆန်းကြယ်တဲ့ကံကြမ္မာက သူတို့နှစ်ဦးကို ဘတ်စ်ကားပေါ်မှာတွေ့ဆုံစေခဲ့ပြီး ချာတိတ်လေးက သူ့ကိုသဘောကျနေတယ်လို့တောင် ဒါရန်ဘက်က အထင်လွဲခဲ့ပါသေးတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ယွန်းဂျယ်ရဲ့ ၀တ္တရားပျက်ကွက်မှုကြောင့် ၀မ်းနည်းနေတဲ့ဒါရန်ကို ဂျောင်ဂျွန်းက သူ့ဆိုင်ကယ်ပေါ်တင်ပြီး ဆိုးလ်မြို့ပြင်မှာရှိတဲ့ ရေကန်တစ်ခုဆီ ခေါ်သွားပေးခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ့နေ့က သူတို့သုံးယောက်ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေမယ့် နေ့တစ်နေ့ဖြစ်နေမှန်း ဘယ်သူမှကြိုမသိခဲ့ပါဘူး။ ဂျောင်ဂျွန်းက အိမ်အပြန်၊ ယွန်းဂျယ်က ဒါရန့်ဆီအလာ အက်ဆီးဒင့်တစ်ခုကို တစ်ပြိုင်တည်းရှောင်တိမ်းရင်း နှစ်ယောက်လုံး ရေကန်ထဲထိုးကျသွားခဲ့ပါတယ်။

ကံကောင်းတယ်ခေါ်ရမလား ကံဆိုးတယ်ခေါ်ရမလား သေကံမရောက်သက်မပျောက်ဘဲ ပြန်သတိရလာတဲ့ မောင်မင်းကြီးသားဂျောင်ဂျွန်း ဝိဉာဉ်တစ်ခြား ကိုယ်တစ်ခြားဖြစ်ပြီး ယွန်းဂျယ်ခန္ဓာကိုယ်ထဲရောက်နေမှန်း သိလိုက်ရတဲ့အခါ …..

ဘယ်လို အိုးနင်းခွက်နင်းအလွဲအချော်တွေ ရှေ့မှာစောင့်ကြိုနေဦးမလဲ
နေ့ချင်းညချင်း ချစ်သူဘဝရောက်လာတဲ့ ဆရာတပည့်နှစ်ယောက် နှလုံးသားရဲ့စမ်းသပ်မှုတွေကို ဘယ်လိုအဖြေပေးကြမလဲဆိုတာ ပရိသတ်ကိုယ်တိုင် ရယ်ရင်းမောရင်း ရင်ခုန်စိတ်လှုပ်ရှားရင်း ကြည့်ရှုခံစား အားပေးလိုက်ကြပါဦးခင်ဗျာ

0 comments:

Post a Comment