Because This Is My First Life (2017)

16 Episdoes

Rating : 8.710
Country : South Korean
Genre : Friendship,Comedy,Romance,Life
Cast : Jung So Min,Lee Min Ki,Lee Som,Park Byung Eun,Kim Ga Eun,Kim Min Seok

အပိုင်း(၁၆)ပိုင်းပါဝင်မှာဖြစ်ပြီး Romance,Comedy အမျိုးစားဇာတ်လမ်းတွဲလေးလည်း ဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်မယ့််ကားလေးဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်များကတော့.....

Main

• နမ်ဆဲဟီး အဖြစ် Lee Min-ki(38 years old)
• ယွန်းဂျီဟို အဖြစ် Jung So-min(30 years old)

Supporting

• ယူဆူဂျီ အဖြစ် Esom(30 years old)
• မာစန်းဂူ အဖြစ် Park Byung-eun(38 years old)
• ရန်ဟူရန် အဖြစ် Kim Ga-eun(30 years old)
• ဆင်မ်ဝမ်ဆော့ အဖြစ် Kim Min-seok(28 years old)
တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း.....

အသက်၃ဝကျော်အထိ တစ်ကိုယ်တည်းလူပျိုကြီးဖြစ်နေတဲ့ နမ်ဆယ်ဟီး(Lee Min-Ki)
သူဟာကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ပြီး ထိုအိမ်မှာ သူတစ်ယောက်တည်းနေရတဲ့အတွက် သူနဲ့အခန်းဖော်ရအောင် အိမ်ငှားကိုစျေးသက်သက်သာသာနဲ့ ငှားတယ်။

အသက်၃ဝအထိ အပျိုကြီးဖြစ်နေတဲ့ ယွန်းဂျီဟို(Jung So-Min) ခင်မျာ အိမ်တစ်လုံးလေးတောင်မပိုင် သူ့ဘဝကသနားစရာ။ အိမ်တော့ရှိတယ် ဘာလို့သူ့အိမ်မှာ နေခွင့်မရှိလဲဆိုတာတော့ ဇတ်ကားထဲမှာ ကြည့်ရှုပေးပါ။ ငွေရေးကြေးရေးအခက်အခဲကြောင့် သူမမှာ ဒိတ်လုပ်ခွင့်တောင် မရခဲ့ဘူး။

ကံကြမ္မာကဖန်ပြီး ယွန်းဂျီဟို တစ်ယောက် နမ်ဆဲဟီးရဲ့အိမ်မှာ နေရတဲ့အခါ.......?

0 comments:

Post a Comment