Beautiful World (2019)

16 Episdoes

Rating : 8.8/10
Country : South Korean
Genre : Suspense,Life,School,Drama,Family,Melodrama,Tragedy,Invenstigation
Cast : Park Hee Soon,Choo Ja Hyun,Oh Man Suk,Cho Yeo Jung,Nam Da Reum,Kim Hwan Hee

My Dramalist မှာ
8.3ထိရရှိခဲ့တဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ
အဓိကသရုပ်ဆောင်များအနေနဲ့ကတော့
ကျနော်တို့နဲ့လုံးဝမစိမ်းတဲ့သူတွေပါပဲ
Come and Hug Me ထဲက Nam Da Reum
Miracle That We Met ထဲက Kim Hwam Hee
တရုတ်နိုင်ငံမှာ လူသိများထင်ရှားပြီး
ပုဂံမှာ လာရိုက်သွားတဲ့ Legends Of Dance ထဲက
မင်းသမီးချော Choo Ja Hyun
( သူမရဲ့ ပထမဆုံးပြန်ရိုက်တဲ့ကိုရီးယားကားပါ )
Duel ထဲကမင်းသားကြီး Park Hee Soon
The Vineyard Man ( ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက် )
ထဲက မင်းသားကြီး Oh Man Suk အပြင်
Divorce Lawyer In Law ထဲက မင်းသမီး Jo Yeo Jung
အစရှိတဲ့ ဝါရင့်နာမည်ကြီးသရုပ်ဆောင်များကပါဝင်ထားပါတယ်

>>> ဇာတ်လမ်းအကျဉ်း <<<
ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေး အဖေဖြစ်သူက ကျောင်းဆရာ
အမေဖြစ်သူက ပေါင်မုန့် ဆိုင်ကြီးဖွင့်ထားတယ်
အမေကိုအရမ်းချစ်တဲ့သားလေး ဆန်းဟို နဲ့
အဖေကိုအရမ်းချစ်တဲ့သမီးလေးဆိုးဟို ဆိုတဲ့
မောင်နှမ နှစ်ယောက်နဲ့ သာယာနာပျော်ဖွယ်အိမ်လေး...
အမေဖြစ်သူက သားသမီးတွေကို ပညာရေးမှာ ထူးချွန်စေချင်စိတ်နဲ့
လူချမ်းသာ ရပ်ကွပ်ထဲပြောင်းပြီး နာမည်ကြီးကျောင်းမှာ
ကျောင်းထားပေးခဲ့တယ် အမေဖြစ်သူ အပင်ပန်းခံပြီး
ထားပေးတာကိုသိတဲ့သားလိမ္မာလေးက စာကိုကြိုးစားခဲ့တယ်
အစပိုင်းမှာ အဆင့်တွေကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ
သိသိသာသာကျလာတဲ့အမှတ်တွေကို ကြည့်ပြီး
အဖေ နဲ့ အမေဖြစ်သူကစိတ်ဓာတ်မကျပဲ
ကြိုးစားအားပေးတတ်တဲ့မိဘမျူ ိး
တစ်နေ့လကျတ်မယ့်နေ ့ ကြိုကြေငြာထားလို့
သားမိသားဖ ၄ယောက်လုံး ညကျကြည့်ဖို့အားခဲထားကြတယ်
အဲ့ညမှာ နောက်ကျနေပေမယ့် ဆန်းဟိုတယောက်
အိမ်ကိုပြန်မရောက်လာခဲ့တော့ဘူး အမေဖြစ်သူက
ဖုန်းဆက်ပေမယ့် မကိုင်ခဲ့ဘူး မထင်မှတ်ထားတဲ့နံပါတ်တစ်ခုက
ဆိုးဟို တယောက်ကျောင်းခေါင်မိုးက
ခုန်ချခဲ့တယ်ဖုန်းဆက်လာတယ် မဖြစ်နိုင်တာ
မနက်ကမှရယ်မောပြီး လကြတ်တာကို ကြည့်ဖို
ပြောနေကြသေးတာ ရဲတွေက စုံစမ်းပေမယ့်
ကျောင်းကလဲနာမည်ပျက်မှာဆိုးလို့ ဖုံးဖိကြတယ်
ကျောင်းသားတွေကလဲ ဝမ်းမနည်းကျ ဘာအသံမှတောင်မထွက်
ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုပြီးအမှုပိတ်ဖို့ဖြစ်လာခဲ့တယ်
တကယ်ပဲ ဆိုးဟိုဟာ ကျောင်းစာတွေကြောင့် သတ်သေခဲ့တာလား
ကျောင်းတွင်းအနိုင်ကျင့်မှုတွေရဲ့သားကောင် ဖြစ်ခဲ့လားဆိုတာတော့..

0 comments:

Post a Comment