Be Melodramatic (2019)

16 Episdoes

Rating : 8.7/10
Country : South Korean
Genre : Friendship,Comedy,Romance,Life,Melodrama
Cast : Chun Woo Hee,Jeon Yeo,Bin,Han Ji Eun,AhnJae Hong,Gong Myung

မင်းသမီး Chun Woo-hee ၊ 2019 ထဲမှ ထွက်ရှိခဲ့တဲ့ Liver or Die ထဲကမင်းသမီး Jeon Yeo-bin နဲ့ မင်းသမီး Han Ji-eun တို့ပဲဖြစ်ပါတယ်။(သူမတို့ကို မြန်မာပရိတ်သတ်သိပ်မရင်းနှီးလောက်ပါဘူး) မင်းသားတွေက Fight for My Way က Ahn Jae-hong နဲ့Revolutionary Love ထဲက မင်းသား Gong Myung တို့ပါဝင်ထားပါတယ်။
အမျိူးသမီး (၃)ယောက်ကို အဓိကဇာတ်ဆောင်အဖြစ်တွေ့မြင်ရမှာပါ။အပိုင်းအရေအတွက် (၁၆)ပိုင်း ပါဝင်မှာဖြစ်ပြီး jTBC ကနေ သောကြာနေ့နဲ့ စနေနေ့များမှာ ပြသလျှက်ရှိပါတယ်။

ပုံပြင်လေး တစ်ပုဒ်ပြောပြမယ်။ တခါက Im Jin Joo, Lee Eun Jung နဲ့ Hwang Han Joo ဆိုပြီး အချစ်ဆုံးသူငယ်ချင်း (၃)ယောက်ရှိသတဲ့။အသက် (၃၀)ဝန်းကျင် သက်လတ်ပိုင်းအမျိူးသမီး (၃)ယောက်ပေါ့ကွယ်။

ဒီ်လိုနဲ့သူတို့တွေမှာ အလုပ်အကိုင် ကိုယ်စီရှိကြသတဲ့.......

Im Jin Joo ဟာ ဒရာမစာရေးဆရာမပေါ့။သူ(မ)စိတ်ခံစားမှုက အရမ်းအတက်အကျများတဲ့သူလေးဖြစ်ပြီး အကောင်းစားပိုက်ဆံအိတ်အကြောင်းကို ပြောနေတဲ့နေရာမှာတော့ တကယ့်ဆရာကြီးပေါ့။ဒါပမေဲ့ တဖက်မှာလဲ သူ(မ)ဟာ တခြားပုံစံတမျိူးနဲ့သူ(မ)ဇတ်ညွှန်းတွေကိုရေးဖို့ကြိုးစားနေတာပေါ့ကွယ်။

Lee Eun Jung ဆိုသူ မိန်းကလေးကတော့ documentary ဒါရိုက်တာပေါ့။ သူ(မ)မှာ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုလည်း ပိုင်သေးသတဲ့၊ အလုပ်သမားဆိုလို့လည်း သူ(မ)တစ်ယောက်ပဲရှိပါတယ် အယ် (ရယ်စရာနော်)😁ဒါပမေဲ့ သူ(မ)ရဲ့documentary တွေထဲက တစ်ခုက နေ့ချင်းညချင်း လူကြိုက်များလာပါလေရော။သူ(မ)ကံကောင်းတယ်လို့ဆိုရမလားနော်။

Hwang Han Joo ကတော့ ingle mother တစ်ယောက်ဖြစ်တယ်။ ဒရာမထုတ်လုပ်ရေားကုမ္ပဏီမှာ marketing အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သတဲ့။သူ(မ)ဟာ အလုပ်ရော သူ(မ)ကလေးအတွက်ရော ဘက်ညီအောင် ရုန်းကန်နေရှာနေတာပေါ့။

ကဲ.....ဒီပုံပြင်လေး ဘယ်လိုအဆုံးသတ်ဖြစ်လိမ့်မယ်ဆိုတာတော့......

0 comments:

Post a Comment