Bad Papa (2018)

16 Episdoes

Rating : 8.7/10
Country : South Korean
Genre : Adventure,Drama,Family,Sports,Tragedy
Cast : Jang Hyuk,Son Yeo Eun,Shin Eun Soo,Ha Joon,Kim Jae Kyung

MBC ကနေ တနင်္ဂလာ နဲ့အင်္ဂါ တိုင်းမှာ ပြသတဲ့ drama အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ .... ဒီကားလေးထဲမှာ ... အားလုံးသိကြတဲ့ Money Flower , Work of love ထဲက မင်းသားကြီး Jang Hyunk က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်း အကျဉ်း .... Yoo Ji Cheol (Jang Hyunk) ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းကနာမည်ကြီးတဲ့ လက်ဝှေ့ကစားသမား ဖြစ်ခဲ့ပါတယ်... တစ်နေ့မှာ သူ့ရဲ့ ဂျူနီယာ Min Woo နဲ့ ထိုးကြိတ်ရတဲ့အခါမှာ မထင်မှတ်ပဲရှူံးသွားခဲ့ပါတယ် .... အဲ့လိုရှူံးသွားပြီးတဲ့နောက်မှာ သူ့ကို လက်ဝှေ့ကစားသမားကနေ အဖွဲ့အစည်းက ထုတ်ပယ်လိုက်ပါတယ်... အဲ့အချိန်မှာပဲ သူ့မိသားစု ရော သူပါ ဒုက္ခရောက်ခဲ့ရပါတယ် ... အဲ့လို အဆင်မပြေတဲ့ အချိန်မှာ ကံကောင်းစွာနဲ့ပဲ စုံထောက်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲ လာဘ်စားမှုနဲ့ တာဝန်မှ ရပ်ဆိုင်းခံလိုက်ရပါတယ်.... အဲ့အချိန်မှာ အိမ်လခ ကလည်းပေးဖို့ ပိုက်ဆံ မရှိ သူ့သမီး ကကျောင်းမှာ ပြသနာဖြစ်တော့ ကံဇာတာ ကပိုဆိုးသွားခဲ့ပါတယ်... အဲ့အချိန်မှာ လျှို့ဝှက်ဆေးစမ်းသပ်တဲ့ ဆေးကုမ္ပဏီတစ်ခုမှာ ဆေးစမ်းသပ်ရင် ပိုက်ဆံပေးမယ် လို့သိသွားတဲ့ အခါ.....ဆေးသွားစမ်းသပ်ပေမဲ့ ဆေးစစ်ချက်မှာ ကျန်းမာရေး မကောင်းလို့ အထုတ်ခံရတဲ့ အချိန် သူနဲ့ ဆေးတူတူ စမ်းသပ်တဲ့ လူတစ်ယောက်ဟာ သူ့ကို အဲ့ဆေးပေးခဲ့လို်က်ပါတယ် ...အဲ့ဆေးကိုသူသောက်မိလိုက်တဲ့အခါ.... သူဘာဖြစ်သွားမလဲဆိုတာကိုတော့ ...

0 comments:

Post a Comment