Rating : 7.3/10
Country : United State
Genre : Action, Adventure, ,Sci-Fi
Cast : Robert Downey Jr., Chris Hemsworth, Mark Ruffalo, Chris Evans, Scarlett Johansson
Released Date : 2015
Duration : 2h 21min
ဒီဇာတ်ကားရဲ့အစကိုတော့ Winter Soilder ရဲ့အဆုံးကနေဆက်ထားပါတယ်။ Hydra အဖွဲ့ရဲ့လက်ထဲက Loki ရဲ့ တုတ်ကို ပြန်လည်တိုက်ခိုက်ပြီးယူလာတာကနေ စထားပါတယ်။ တိုနီစတာ့ခ်(Ironman) နဲ့ ဘရုစ်ဘန်နာ(Hulk)တို့ဟာ တောင်ဝှေးရဲ့အကူအညီနဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ပရိုဂရမ်(Ultron) ကိုတီထွင်လိုက်ပါတယ်။ ဒါပေမယ့် Ultron တကယ်နိုးထလာတဲ့အခါမှာ သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဟုတ်ပဲ ကမ္ဘာကြီးရဲ့ အဆုံးသတ်အထိပါဖြစ်လာတဲ့အခါ သူတို့ ပြန်ပြီးရင်ဆိုင်ဖို့ကြိုးစားရပါတော့တယ်။ဒီဇာတ်ကားမှာ တိုးလာတဲ့ Avenger အသစ်တွေကိုလဲ တွေ့ရပါတော့မယ်။ ဇာတ်ကားကို ကောင်းကောင်းခံစားနိုင်အောင် အညွှန်းမှာ အများကြီးမရေးထားတော့ပါဘူး။ ဒါပေမယ် ဘယ်လောက်ပဲအများကြီးရေးပေးပေး ဘယ်လိုမှ မပြည့်စုံနိုင်တဲ့အချက်ကတော့ ဇာတ်လမ်းထဲက ပါးစပ်အဟောင်းသား ဖြစ်လောက်တဲ့တိုက်ခိုက်မှု scenesတွေပါပဲဗျာ။ ကောင်းကောင်းခံစားနိုင်ဖို့ရယ် ကောင်းကောင်းခံစားချင်တယ် ကောင်းကောင်းနားလည်ချင်တယ်ဆိုရင်တော့ ၃ ခေါက်လောက်တော့ ပြန်ကြည့်ကြပါလို့ပဲ ပရိသတ်ကြီးကို အကြံပေးလိုက်ပါတယ်ဗျာ။
0 comments:
Post a Comment