Ant-Man and the Wasp (2018)

Rating : 7.1/10
Country : United State
Genre :  Action, Adventure, , Comedy
Cast : Paul Rudd, Michael Douglas, Evangeline Lilly
Released Date : 2018
Duration :  1h 58min

Ant-Man and the Wasp ဟာ Marve’s Infinity War အပြီးမှာ ထွက်လာတဲ့ ပထမဆုံး MCU ရုပ်ရှင်ဖြစ်သလို ၂၀၁၅ ခုနှစ်က MCU ထဲမှာတောင် ကွဲပြားတဲ့ (comedy ပါပဲ ဒါပေမယ့် ကွဲပြားတဲ့) ဟန်တစ်ခုနဲ့ ပေါက်ခဲ့တဲ့ Ant-Man ဇာတ်ကားရဲ့ အဆက် sequel ဖြစ်ပါတယ်။ဒီနေရာမှာ ပထမဆုံး Ant-Man ကားကို ကြည့်ရတုန်းက Ant-Man ခေါင်းဆောင်းအောက်ကို Hank Pym မဟုတ်ဘဲ Scott Lang ကိုထည့်ဖို့ Marvel ရဲ့ ဆုံးဖြတ်ချက်ကို ကောမစ်ပရိသတ်အနေနဲ့ မကြိုက်ခဲ့ပါဘူး။ ဘာလို့ဆို Captain America, Iron Man တို့ကိုပဲ Superman, Batman တို့လို Franchise တစ်ခုလုံးရဲ့ Monument ဖြစ်အောင် တည်ဆောက်နေပြီး ကျန်တဲ့ Avengers အဖွဲ့ဝင်တွေကို တန်းချထားတယ်လို့ ယူဆစရာ ဖြစ်သွားခဲ့လို့ပါ။ဒါပေမယ့် Ant-Man ကားက ကောင်းပါတယ်။ သူ့ရဲ့ စူပါဟီးရိုးပါဝါနဲ့ ကိုက်ညီတဲ့ အထူးပြုလုပ်ချက်တွေ၊ ခေါင်းမာပြီး ဉာဏ်ကောင်းတဲ့ Hank Pym အဖြစ် သရုပ်ဆောင်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး မိုက်ကယ်ဒေါက်ဂလပ်စ်၊ အက်ရှင်ခန်းတွေမှာ အထူးပြုလုပ်ချက်နဲ့ လှုပ်ရှားမှုကြားက အချိုးကျကျ ထုတ်ပြနိုင်တာတွေက ဒါရိုက်တာ Peyton Reed ကိုချီးကျူးရမှာပါ။အစကပြောခဲ့သလို Cap နဲ့ Tony ကိုယှဉ်နိုင်မယ့် ပုံရိပ်တစ်ခုဖြစ်တဲ့ Hank Pym ကို အသက်ကြီးထားပြီး သူ့လောက် ဉာဏ်မကောင်းတဲ့ မပြည့်စုံတဲ့ လူသားတစ်ယောက် Scott Lang ကိုထည့်လိုက်တာက စတည်းက နောက်လိုက်လုပ်ခိုင်းတာလို့ပဲ မြင်ပါတယ်။ အမှန်က Hank Pym ဟာ Fantastic Four က Reed Richards လိုပဲ မာဗယ် Universe မှာ လွှမ်းမိုးမှုရှိတဲ့ ဟီးရိုးတစ်ယောက်၊ သူ့ကိုယ်ပိုင်အမြင်နဲ့ ဆုံးဖြတ်ချက်ရှိတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။သို့ပေမယ့် Ant-Man and the Wasp ကိုကြည့်လိုက်တဲ့အခါမှာတော့ ဒီလို ခွဲခြားထားတာဟာ လက်ရှိ MCU ရဲ့ အရှိန်နဲ့ ပိုကိုက်ညီနေတယ်လို့ ခံစားရတယ်။ ပထမကားမှာ ပါခဲ့တဲ့ ဇာတ်ကောင်တွေဟာ ဒုတိယကားမှာ သူတို့ရဲ့ ပုံစံကို ဆက်ထိန်းထားနိုင်ပြီး Scott Lang ရဲ့ လူသားဆန်တဲ့ အပြုအမူတွေက ပိုပြီး လူကြိုက်များစေမှာ အမှန်ပဲလို့ ထင်မိပါတယ်။Ant-Man and the Wasp ဟာ MCU Phase 3 ရဲ့ နောက်ဆုံးကားပါ။ ဒီကားပြီးရင် Infinity War မှာ ချပြခဲ့တဲ့ Crisis ကိုပြန်ဖြေဖို့၊ စကြာဝဠာကို ပြန်တည်ဆောက်ဖို့ လာမယ့် Phase မှာ ကြိုးစားကြရတော့မှာ ဖြစ်ပါတယ်။ Infinity War ပြီးမှ ထွက်လာခဲ့ပေမယ့် သူ့ရဲ့ Timeline ကတော့ Civil War တိုက်ပွဲအပြီးနဲ့ Infinity War ဖြစ်ရပ်တွေကြားထဲမှာ တည်ဆောက်ထားတဲ့ Tie-in ဇာတ်လမ်းတစ်ခုပါပဲ။အားလုံးသိတဲ့အတိုင်း Civil War မှာ Captain America လွတ်မြောက်နိုင်အောင် ကူညီပြီးတဲ့နောက် Scott Lang ကို အိမ်တွင်းအကျယ်ချုပ်ချထားခဲ့တယ်။ Hank Pym နဲ့ Hope တို့ကလည်း သူ့ကို အဆက်အသွယ် ဖြတ်ထားကြပါတယ်။ တစ်ဖက်မှာတော့ သူ့ရဲ့ဘော်ဒါ Luis နဲ့အဖွဲ့က သူခိုးဘဝက အတွေ့အကြုံတွေနဲ့ လုံခြုံရေးအကြံပေး ကုမ္ပဏီထောင်နေတာကိုလည်း ဝင်ကူညီရသေးတယ်။ပထမကားမှာ Scott ဟာ ကွမ်တမ် Realm ထဲကို မလွှဲမရှောင်သာ ရောက်သွားပြီး ပြန်ထွက်လာနိုင်ခဲ့တဲ့ အတွက် သူ့ဇနီးကို ဆုံးရှုံးလိုက်ရပြီလို့ တွေးထားတဲ့ Hank Pym တို့သားအဖအတွက် တစ်ခါပြန်ပြီး မျှော်လင့်ချက် ဝင်လာခဲ့တယ်။ ဒါ့ကြောင့် Scott အကျယ်ချုပ်ကျနေတဲ့ နှစ်နှစ် အချိန်အတွင်းမှာ သူတို့က ကွမ်တမ် Realm ထဲကို ဝင်လို့ ထွက်လို့ရမယ့် Tunnel တစ်ခုကို တည်ဆောက်နေခဲ့တာပါ။Quantum Realm ထဲမှာ မူလ The Wasp/ Janet van Dyne/ Hank Pym ရဲ့ဇနီးကို တွေ့ခဲ့တဲ့ Scott ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း Janet ရဲ့ အမှာစကား ပါလာခဲ့ပြီး နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်စေ့ခါနီး ရက်အနည်းငယ် အလိုမှာ Hank Pym ကို သွားဆက်သွယ်မိတဲ့အခါ အေးစက်နေခဲ့တဲ့ သူတို့ကြားက ဆက်ဆံရေးပြန်စတင်လာပြီး Janet ကို အတူကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။

0 comments:

Post a Comment