Rating : 8.3/10
Country : United State
Genre : Biography, Drama, History
Cast : F. Murray Abraham, Tom Hulce,Elizabeth Berridge
Released Date : 1984
Duration : 2h 40min
Country : United State
Genre : Biography, Drama, History
Cast : F. Murray Abraham, Tom Hulce,Elizabeth Berridge
Released Date : 1984
Duration : 2h 40min
မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊
အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။
သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊
ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။
ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ သူအထင်ကြီးတဲ့ မြို့ကြီးမှာ သူ့ဂီတတွေရဲ့ အမြင့်ကို ခံစားနိုင်တဲ့ တစ်ဦးတည်းသောသူက သူ့ရဲ့ အတွင်းကျိတ်ရန်သူ မိုးဇတ်ကို အထင်ကြီး မနာလိုဖြစ်နေတဲ့ ဆယ်လိရိုင်ပါ။
ကိုယ့်အရည်အချင်းကိုသိတဲ့ တစ်ဦးတည်းသောသူဟာ ကိုယ့်ရန်သူဖြစ်နေတဲ့အပြင်
ဂီတနဲ့ပက်သက်တဲ့ သူ့မာနကို မချနိုင်တဲ့ မိုးဇတ်အတွက် အရာရာမှာ အဆင်မပြေမှုတွေသိပ်များပါတယ်။35နှစ်အထိပဲ အသက်ရှည်သွားခဲ့တဲ့ မိုးဇတ်ဟာ သီချင်းအပုဒ် ၆ရာကျော်နဲ့ အော်ပရာနှစ်ပုဒ် စပ်ဆိုသီကုံးခဲ့ပါတယ်။
မိုးဇတ်ရဲ့ နာမည်ကျော် လက်ရာတွေ ဖြစ်တည်လာပုံနဲ့ သူ့ရဲ့ နာမည်ကျော်အော်ပရာ Don Giovanni ဖြစ်တည်လာပုံတွေလည်း ပြသထားပါတယ်။ဒီသုံးနာရီ ရှစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ဟာ စစချင်းမှာတော့ အတော်ပျင်းစရာကောင်းပါလိမ့်မယ်။
ပထမတစ်နာရီကို ကျော်ပြီးတဲ့အချိန် မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ကြားက Character Chemistry ခိုင်မာလာတဲ့အချိန်မှာတော့ ဒီကားဟာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ခင်ဗျားခံစားမိလာပါမယ်။ဒီဇာတ်လမ်းထဲက မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ရဲ့ အဖြစ်တွေဟာ တကယ်ဖြစ်ချင်မှဖြစ်ပါမယ်။
အပြင်က ဆယ်လိရိုင်ဟာ ဒီဇာတ်လမ်းထဲမှာလို မိုးဇတ်အတွက် မနာလိုနေတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ချင်ဖြစ်ပါမယ်။
ဆယ်လိရိုင်ဟာ မိုးဇတ်အတွက် အသုဘငိုချင်းဆိုပေးခဲ့ပြီး မိုးဇတ်ရဲ့သားကို သင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ တကယ့်မိတ်ဆွေဖြစ်ချင်ဖြစ်ပါမယ်။
ရာနှုန်းပြည့်မှန်ကန်တဲ့ Biographyဆိုတာ ဘယ်မှာမှ မရှိပါဘူး။
အနုပညာပစ္စည်းတွေနဲ့ ပက်သက်လာရင် နည်းလည်နိုင်ဖို့ထက် ခံစားတတ်ဖို့က ပိုအဓိကကျပါတယ်။

0 comments:
Post a Comment