Rating : 6.3/10
Country : United State
Genre : Action, Sci-Fi, Thriller
Cast : Bruce Willis, Radha Mitchell, Ving Rhames
Released Date : 2009
Duration : 1h 29min
အညွှန်း
အနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။
ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။
စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။
ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။
စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို တန်ဖိုးလျော့သွားစေတယ်လို့မြင်တဲ့ လူတစ်စုက စက်ရုပ်သုံးစွဲတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပေမဲ့ သဘောတူညီမှုထားပြီး သီးခြားစီနေကြပါတယ်။ဒါက ပေါက်ကွဲခါနီး ဗုံးတစ်လုံးလိုပါပဲ။
ဆန့်ကျင်သူတွေနဲ့ စက်ရုပ်အသုံးပြုသူတွေ ကြားမှာ အခြေအနေတွေတစ်စထက်တစ်စတင်းမာလာတဲ့အချိန်မှာပဲ လူအစားထိုးစက်ရုပ်တွေဖျက်စီးခံရ ပြီး အသုံးပြုတဲ့သူကိုပါ သေစေနိုင်လောက်တဲ့ မှုခင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။
ဒီအမှုမှာ နစ်နာသူကတော့ လူအစားထိုးစက်ရုပ်တွေရဲ့ဖခင်လို့ပြောလို့ရလောက်တဲ့ လီယိုနယ် ကန်တာ ရဲ့ တစ်ဦးတည်းသောသားပဲဖြစ်ပါတယ်။
တစ်ဦးတည်းသောသားဆုံးရှုံးထားရတဲ့သူချင်း စာနာမိတဲ့ FBI Agent Greer(Bruce Willis) က တရားခံကိုရှာရင်း စက်ရုပ်သုံးစွဲမှုကိုကန့်ကွက်သူတွေ နေတဲ့ နေရာထဲကို ဝင်သွားမိပြီး ပေါက်လုစဲစဲဗုံးကို ကွဲအောင်လုပ်မိသလိုဖြစ်သွားပါတယ်။
ဒီလို တစ်ဖက်နဲ့တစ်ဖက် အခြေအနေတင်းမာနေတဲ့ကြားက Agent Greer တစ်ယောက် တရားခံကို ရှာရင်းစက်ရုပ်ကိုတင်မဟုတ်ဘဲ အသုံးပြုသူကိုပါ သတ်နိုင်တဲ့ လက်နက်ကိုရှာရင်း ဘာတွေဖြစ်လာမလဲဆိုတာကိုဇာတ်ကားမှာပဲ ဆက်ကြည့်လိုက်ကြပါတော့။
၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Bruce Willis သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb Rating6.3/10 နဲ့ Voting ပေါင်းများစွာရရှိထားပါတယ်
0 comments:
Post a Comment